ခရမ်းချဉ် ငရုတ်ပင် နှင်းဆီနီ နှင်းဆီဝါ

အပင်ပေါက်တွေ ရောက်လာပြီ။ ရာသီဥတုကို စောင့်နေတယ်။ အအေးဓါတ်က မပျယ်နိုင်သေး။ ဇီဇဝါလည်း ဟုမ်းစတေး နေရဆဲ။

ပျိုးပင်လေးတွေနဲ့တူတဲ့ လူငယ်တွေလည်း ရာသီဥတုသာယာတာကို စောင့်ကြရတယ်။ ဥတုမမျှတဲ့အခါ အပြင်မှာပေါက်တဲ့ အပင်လေးတွေဟာ ကောင်းကောင်း မရှင်သန်မဖွံ့ဖြိုးနိုင်ကြပါ။ မြန်မာ့ရာသီဥတု မကောင်းခဲ့တာ ကြာပြီ။ တွန့်လိမ် ကောက်ကွေး၊ မမွှေးနိုင်ကြတာ မျိုးဆက်နှစ်ခုကြာပြီ။

အမှားတွေ အလိမ်အညာတွေ တွေ့တိုင်း အကောင့်ပိုင်ရှင်ကို အပြစ်မမြင်။ အကောက်ဉာဏ်နဲ့ တမင်တကာ အဲလို ဖြစ်လာအောင် မွေးထုတ်ပေးခဲ့သူတွေကို အပြစ်တင်တယ်။ သူတို့က အာဏာကို ဒိထက်မက ဒိထက်ကြာကြာ ရချင်နေကြတယ်။ သူတို့မွေးထားသူတွေကတော့ သဘောကျကြတယ်။

မြန်မာပြည်မှာ သဘာဝရာသီဥတုနဲ့ နိုင်ငံရေးရာသီဥတုပါ သာယာကောင်းမွန်ပါစေသတည်း။ မျိုးကောင်းမျိုးမှန်တွေ ရှင်သန်နိုင်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး