Peaceful Burma ငြိမ်းချမ်းသာယာသော တိုင်းပြည်

ကျွန်တော် နိုင်ငံရေးနှင့်ပက်သက်ပြီးမေးချင်လို့ပါ။ နိုင်ငံခြားမှာ ဆရာဝန်တွေ နိုင်င်ငံရေးလုပ်လို့မရဘူးဆိုတာ ဟုတ်ပါသလား။ နောက်တခုက ဦးနေဝင်း ခေတ်မှာ ဗကပကိုတိုက်ပြီး ဘာသူပုန်မှ မရှိဘူးဆိုတာနှင့် ပက်သက်ပြီး သိချင်ပါတယ်။

• နိုင်ငံရေးလုပ်လိုက သူ့နိုင်ငံဥပဒေတွေအတိုင်း ဘယ်သူမဆို လုပ်နိုင်။
• သူပုန်ဆိုတာ အစိုးရကိုတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အားလုံးကို ခေါ်တယ်။ လက်နက်မရှိတဲ့ ၁၉၉၀ အမတ်တွေကိုလည်း သူပုန်လို့ ခေါ်တဲ့အခါ ခေါ်တယ်။
• အမည်အမျိုးမျိုးခေါ်ကြတယ်။ အမည်ကတော့ သိပ်အရေးကြီးတာ မဟုတ်။ ဒါပေမဲ့ တချို့က စကားလုံး အလွန်ရွေးချင်ကြတယ်။
• လွတ်လပ်ရေးမရခင် ၁၉၄၇ ကနေစတယ်။
• သခင်စိုးနဲ့ သခင်သန်းထွန်းတို့ခေတ် အတော်ကြာတယ်။ အဆုံးသတ်နည်းတွေ မတူကြ။
• တိုင်းရင်းသားလက်နက်ကိုင်တွေ ကေအင်ဒီအိုကနေစတာ အခုနောက်ဆုံး အေအေအထိ။
• အဖွဲ့ပေါင်း ရေတွက်ဖို့ ခက်တယ်။ စာရင်းရှည်ကြီး လုပ်ထားတယ်။ လက်ရှိ။ ပျက်သွား။ မဟာမိတ်အဖွဲ့တွေ။
• နောက်ထပ် ဘာတွေလာဦးမယ် မသိနိုင်။
• အင်္ဂလိပ်လိုရေးတဲ့ လက်နှစ်လုံးသုံးလောက်ထူတဲ့ စာအုပ်ကြီးတွေထုတ်ထာတာရှိတယ်။ ကြာပြီဖြစ်လို့ နောက်ထပ် လက်နှစ်လုံး သုံးလုံးလောက်ထူတာ ထပ်ထုတ်ရဦးမယ်။
• ပြောရရင် အားနာစရာတွေ များတယ်။ အသက်အန္တရာယ်လည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး