ကရိုနာ နှင့် တမာရွက်

လိုင်ဇော သို့မဟုတ် အမေရိကန်လုပ် တမာရွက်ပြုတ်ရည်အောက်မှာ ကွန်မင့်တခုက လူညာတွေကို အားပေးထားတယ်။
တမာရွက်ပြုတ်သောက်ရင်ခါးတယ် ပိုက်ဆံမကုန်ဘူး တဲ့။

ပိုက်ဆံမကုန်တာတွေ ရေးပြရင် အရွဲ့တိုက်တယ်လို့ ပြောရင် မှန်မယ်။ ခါးတာတွေကိုရေးပြရင်လည်း အရွဲ့တိုက်တယ်လို့ ပြောရင် မှန်တာပဲ။ ဘယ်လိုပြောရမလဲ။

စကားကြီး ၆ ခွန်း လူ၌ထွန်း ၄ ခွန်းကိုပယ်၊ ၂ ခွန်းလွယ်လို့ ဆိုစကားရှိတယ်။
(၁) ဟုတ်မှန်၍ အကျိုးရှိပြီး သူများလည်းနာလိုသော စကား၊
(၂) သူများမနာလိုသော်လည်း ဟုတ်မှန်၍ အကျိုးရှိသော စကား၊
(၃) ဟုတ်မှန်၏၊ အကျိုးမရှိ သူများလည်း မနာလိုသော စကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများနာလိုနှစ်သက်သော စကား၊
(၅) မဟုတ်မမှန် အကျိုးမရှိ သူများနာလိုနှစ်သက်သော စကား၊
(၆) မဟုတ်မမှန် အကျိုးလည်းမရှိ သူများလည်း မနာလိုမနှစ်သက်သော စကား။

ကျွန်တော်ကတော့ တခွန်းခွဲသာ ပြောသင့်တယ်လို့ ထင်ပါတယ်။ စောစောက ရေးလိုက်သေးတယ်။ ကြော်ငြာဆေးကို ဆရာဝန်တွေက ဘယ်လိုပြောပြော ဝယ်ကြတယ်လို့။

တမာရွက်ကို ငပိချက်နဲ့တို့စားကြတာ ကရိုနာမမွေးခင်း ဟိုရှေးပဝေသဏီကတည်းက။ တမာရွက်က ပိုက်ဆံ အတော်ကုန်တယ်။ ၇ ဒေါ်လာပေးရလို့ တလမှာတခါသာစားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး