စပါးရွှေဝါ တောင်လိုပုံ
ဆီကိုရေချိုး ဆေးရိုးမီးလှုံလို့ အဆိုစကား ရှိပါတယ်။ တိုင်းပြည်ဆင်းရဲလာတော့ အဲဒီစကားလေးကို ပြန်ပြန် ပြောကြရတယ်။ ချစ်အာရုံသီချင်းထဲမှာ ထည့်ပြီးစပ်ဆိုတားတယ်။
စပါးရွှေဝါ တောင်လိုပုံ
ဆီကိုရေချိုး ဆေးရိုးမီးလှုံ ဆေးရိုးမီးလှုံ
ဖိတ်လို့သာ ဖိတ်ရ စိတ်ကတော့ သိပ်မလုံပါရှင့်
မောင်ကြီးလာမယ့်လမ်း မျှော်မှန်း ပျိုလေးချစ်အာရုံ။
တချို့က နားလည်ကြမှာမဟုတ်ပါ။ တကယ်တော့ တင်စားတာပါ။ တင်စားချက်နဲ့ လိုက်ဖက်အောင် မြန်မာပြည် ချမ်းသာခဲ့တာလည်း အမှန်ဖြစ်ပါတယ်။ တိုင်းပြည်ချမ်းသာခဲ့တယ်ဆိုတာ ရေမြေသဘာဝအရနဲ့ လူတွေရဲ့ တင်းတိမ် ရောင့်ရဲမှု၊ စိတ်နေစိတ်ထား မှန်ကန် ကောင်းမွန်တဲ့ အကြောင်းခံတွေကြောင့် ဖြစ်ပါတယ်။ လောဘသား ပယောဂတွေလည်း ကင်းခဲ့တယ်။
ညမှာ အိမ်တံခါး ပိတ်ထားစရာမလိုပါ။ ထမင်းရေချောင်းစီး အလှူပေး ကျွေးမွေးနိုင်ခဲ့ကြတယ်။ ရွာခြံစည်းရိုးဆိုတာ သူပုန်ခေါ် လက်နက်ကိုင်တွေပေါ်လာမှ။ သီးနှံတွေကို စီမံကိန်းလုပ်တော့ အကုန်ရှား အကုန်ညံ့သွားပြီ။ ဆီထဲ ရောကုန်ကြရပြီ။ လောဘသားကို ပေါက်ဖေါ်ခေါ်တဲ့ခေတ်ရောက်တော့ ကနေ့လူရွယ်တွေ မွေးဖွါးကြီးပြင်းလာကြတယ်။ အကျင့်စာရိတ္တကို အဓိပ္ပါယ်ဖွင့်ပြတာတောင် နားမလည်ကြတော့ပါ။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂၀၂၀

Comments
Post a Comment