Vitamin D ဗီတာမင် (ဒီ)

၁။ ဆရာရှင့် Vit D (25-OH) စစ်တာ အဖြေမှာ 19.16 ng/ml က အသက် (၃၁)နှစ်အရွယ် မိန်းမတဦးအတွက် Vit D ဓါတ် တော်တော်များ ချို့ယွင်းနေပါပြီလား သိချင်ပါတယ်ရှင့်။

30 ng/ml အောက် နည်းနေသည်။
30 – 39 ng/ml လုံလောက်။
40 – 59 ng/ml အသင့်မှန်ဆုံး။
60 – 100 ng/ml ဆေးကုသရန်လိုအပ်။
100 ng/ml ထက်ကျော်သူ များလွန်း။

၂။ ကျွန်မ အဖေကအသက် ၆၂နှစ်ပါ။ သွေးတိုး ဆီချိုရောဂါရှိပါတယ်။ FB မှာ နာမည်ကြီးနေတဲ့ အားဆေး ဖြည့်စွက်စာလို့လည်းပြောတဲ့ D3 နဲ့ Super K နှစ်မျိုးကို သောက်မလို့ဆိုပြီး ဝယ်လာပါတယ်။
ကျွန်မကတော့ အဲ့ဒီဆေးတွေအကြောင်းလည်း သေချာမသိတော့ အဖေ့ရောဂါတွေနဲ့ မတည့်မှာလည်းစိုးရိမ်ပါတယ်ရှင့်။ အဖေကတော့ ပြောလို့မရပါဘူး သောက်နေပါပြီ။ အဲ့ဒါကြောင့် ဆရာအနေနဲ့ ဆေးအကြောင်းကောင်းကျိုး ဆိုးကျိုးလေးတွေကို မျှဝေပေးပါဦးဆရာရှင်။့ ကျွန်မကိုလည်း အဖေက အတင်းသောက်ခိုင်းပါတယ် ကျွန်မက အသက်၃၅နှစ် အိမ်ထောင်နှင့် သားတယောက်ရှိပါတယ်။ ကျေးဇူးပြုပြီး ဆေးအကြောင်းလေးရှင်းပြပေးပါဆရာ။ ကျေးဇူးပါဆရာ။

၃။ ဆရာရှင့် မင်္ဂလာပါ။ အခု fb ပေါ်မှာ ဆရာဝန်မကြီးတယောက်ရဲ့အာဘော်ကြောင့် ကင်ဆာလူနာ တော်တော်များများ Vitamin D3 ကို တနေ့ 10000IU နဲ့ Vitamin K ကိုမဖြစ်မနေသောက်သုံးရမယ်ဆိုပြီး သောက်နေကြတာတွေ့ရပါတယ်။ နောက်ထပ် recurrence ပြန်မလာအောင်လို့ပြောပါတယ်။ အဲ့ဒါ ဟုတ်ပါသလား။ ကျွန်မတို့ ကင်ဆာကုသပြီးသူ လူနာတွေအနေနဲ့ တကယ်ပဲသောက်သင့်ပါသလား။ ကျွန်မတို့ကို ကုသပေးတဲ့ စင်ကာပူက ဒေါက်တာတွေလဲမညွှန်ကြားလို့ ဒွိဟဖြစ်နေရပါတယ်။ ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်ရှင်။

ခဏခဏရေးရတယ်။ FB မှာနာမည်ကြီးနေတဲ့ဆိုတာ လူ ၂ ယောက်ထက်ပိုပြောတာကိုခေါ်တယ်။

D3 ဆိုတာ ဗီတာမင်ဒီနဲ့ Super K ဆိုတာ ဗီတာမင်ကေဖြစ်တယ်။ ဗီတာမင်ဒီဟာ အရိုးတည်ဆောက်ရာမှာ အသုံးဝင်တယ်။ ဗီတာမင်ကေကို တချို့ သွေးထွက်ရောဂါအတွက်ပေးတယ်။ ဗီတာမင်ဒီနည်းတဲ့လူကြီးတွေမှာ Osteomalacia အရိုးအားနည်းရောဂါရနိုင်တယ်။ အရိုးတွေနာမယ်။ ကြွက်သားတွေ ကိုက်ခဲနေမယ်။ ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ် အချိုးအဆတော့ မှန်ရပါမယ်။ ကယ်လ်စီယမ် များလွန်းရင် နှလုံးနဲ့ ကျောက်ကပ်ကို ထိခိုက်စေမယ်။

ဗီတာမင် (ဒီ) ဟာ အဆီမှာပျော်ဝင်တဲ့ စတီရွိုက်ဖြစ်တယ်။ နေရောင်ခြည်ကနေ ဗီတာမင် (အေ) ကို အလိုအလျောက် (ဒီ) ဖြစ်အောင်ပြောင်းပေးနေတယ်။ နေရောင်အသင့်အတင့်ရနေသူများအဖို့ ဗီတာမင်ဒီ သောက်စရာမလိုပါ။ ဗီတာမင်ဒီမှာ ၁-၂-၃-၄-၅ ဆိုပြီး ရှိသည်။ ၂ နှင့် ၃ ကပိုအရေးတယ်။ Calciferol လို့ ခေါ်တယ်။

ကယ်လ်စီယံနှင့် ဖေါ့စ်ဖါးရပ်စ်ဓါတ်ဆားတွေ ပျော်ဝင်သွားအောင်နဲ့ အူကနေစုပ်ယူစေရန် ဗီတာမင် ဒီက လုပ်ပေးတယ်။ အရိုးအတွက်ကောင်းတယ်။ နည်းနေရင်ကြွက်တက်နိုင်တယ်။ ခုခံအားအတွက်လည်း ပါတယ်။ ဗီတာမင်ဒီ နည်းလွန်းရင် ငယ်လွန်းသည့်ကလေးတွေ အရိုးပြော့ Rickets ရောဂါရမယ်။ အရိုးတွေပျော့နေပြီး ကောက်ကွေးနေနိုင်တယ်။ လူကြီးတွေ Osteomalacia နှင့် Osteoporosis တို့ဖြစ်မယ်။ အရိုးကျိုးလွယ်မယ်။

အသက် ၁၃ နှစ်အောက် 5 mcg (200 IU) ကစပြီး အသက်ကြီးသူတွေ 10 mcg (400 IU) နှင့် ၇ဝ ကျော်တွေကို 15 mcg (600 IU) ပေးသင့်တယ်။ နေရောင်မရသူများ တနေ့မှာ 25 μg (1000 IU) ပေးသင့်တယ်။

ဗီတာမင်ဒီကြွယ်ဝသည့်အစားအစာတွေက ငါး၊ ငါးကြီးဆီ၊ အမဲအသဲ၊ ဒိန်ခဲ၊ ကြက်ဥအဝါ။

အရိုးကျိုးကာကွယ်ဘို့ရာ Vitamin D 400-1,100 IU ပေးတယ်။ Vitamin D2 300,000 IU ကို တနှစ်တခါ၊ ၃ နှစ်ကြာ သွေးထဲထိုးပေးတယ်။ ဗီတာမင် (ဒီ) နည်းနေတဲ့ရောဂါအတွက် တနေ့မှာ အနည်းဆုံး 1,000 IU (25 micrograms) ပေးတယ်။ ဒိထက်များပြီး နေ့စဉ် Vitamin D 50,000 IU နဲ့ ၆ ပါတ်ပေးပြီး စမ်းသပ်မှုလုပ်တာ ရှိတယ်။ Vitamin D 300,000 IU ကို ၆ ပါတ်တခါ၊ တနှစ်မှာ ၃ ကြိမ်။ အူမကြီးကင်ဆာနဲ့ နှလုံးသွေးကြော ရောဂါတွေကို ကာကွယ်ဘို့ နေ့စဉ် 1,000 IU ပေးတယ်။ ဆီးချို (၂) အတွက် 400-5714 IU ကို ၂ လကနေ ၇ နှစ်အထိပေးတယ်။ Vitamin D2 ၄ လတခါ 100,000 IU ၂၆ ပါတ်ကြာ။ ဒါမှမဟုတ် နေ့စဉ် Vitamin D3 10 micrograms နဲ့ ၂၄ လကြာပေးတယ်။ သွေးတိုးအတွက် Vitamin D 400-8,571 IU ပေးတယ်။ သွေးထဲ ကယ်လ်စီယမ်နည်းနေသူကို Calcitriol 0.25 micrograms နဲ့ ၄-၈ ပတ်ကြာ။ ဟိုက်ပိုပါရာသိုင်းရွိုက်ရောဂါ အတွက် Dihydrotachysterol 0.75 milligrams ကနေစပေးပြီး 2.5 milligrams အထိတိုးပြီး ရက်ကြာကြာ ပေးတယ်။ သက်သာရင် 0.2-1 milligram နေ့စဉ် ပေးတယ်။ ဒါမှမဟုတ် Ergocalciferol 50,000-200,000 IU + Calcium lactate 4 grams of ကို တနေ့ ၆ ကြိမ်လဲ ပေးနိုင်တယ်။ စိတ်မူရောဂါအတွက် 400-800 IU နေ့စဉ် ၁ လကြာ။ ဝတဲ့လူနာတွေကို တပတ်မှာ 20,000-40,000 IU နဲ့ ၁ နှစ်ကြာ။ Multiple sclerosis ရောဂါရှိသေူတွေကို နေ့စဉ် 10,000 IU နဲ့ ၁၂ ပါတ်ကြာ။ ကြွက်သားနာ-အဆစ်နာတာအတွက် နေ့စဉ် Calciferol 100,000 IU နဲ့ ၁၂ လ။ Osteoporosis အရိုးအားနည်တာကို Vitamin D3 5,714 IU ဒါမှမဟုတ် Vitamin D2 10,000 IU နေ့စဉ်၊ ၆ လကြာပေးတယ်။ ပါရာဆိုက်ပိုးဝင်တာကို 40 IU နေ့စဉ် ၅ ရက်။ လူကြီးတွေကို 400 IU of vitamin D + Calcium 800 mg နေ့စဉ်ပေးတယ်။ လူအိုတွေကို Vitamin D3 အပါတ်စဉ် 8,400 IU နဲ့ ၁၆ ပါတ်ပေးတယ်။ Psoriasis အနာ၊ ခရုသင်းနဲ့ Seborrheic Keratosis အတွက် Vitamin D analog Calcipotriene ကို တနေ့ ၂ ကြိမ်လိမ်းစေတယ်။ အသက်ရှူလမ်းပိုးဝင်တာကို နေ့စဉ် 2,000 IU/kilogram နဲ့ ၃ ရက်ပေးတယ်။ Rheumatoid arthritis အဆစ်နာအတွက် တပတ်မှာ Vitamin D 50,000 IU နဲ့ ၁၂ ပါတ်ပေးတယ်။ တီဘီအတွက် Vitamin D2 10,000 IU တကြိမ် ပေးတယ်။ ဗိုင်းရပ်စ်ပိုးဝင်တာအတွက် Vitamin D 800 IU နေ့စဉ်နဲ့ ၂ နှစ်ကြာပေးတယ်။

Vitamin D toxicity ဗီတာမင် (ဒီ) များခြင်း
ရှားတယ်။ နေရာင်နဲ့ထိတွေ့လို့ မဖြစ်စေပါ။ အသက် ၁၄-၇၁ နှစ်ရှိသူတွေဟာ ခံနိုင်ရည် 4000 IU/day ရှိတယ်။ 1250 micrograms/day (50,000 IU) ကို နေ့စဉ် ကြာကြာသောက်ရင် အဆိပ်သင့်သလို ဖြစ်နိုင်တယ်။ Primary hyperparathyroidism ရောဂါရှိနေသူတွေမှာ ပိုဖြစ်နိုင်တယ်။ Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များနေခြင်းဟာ Vitamin D toxicity ကိုဖေါ်ပြနေတာဖြစ်နိုင်တယ်။ ဆီးသွားများပြီး ရေငတ်လာမယ်။ မကုဘဲထားရင် ကျောက်ကပ်၊ အသည်း၊ နှလုံးတွေကို ထိခိုက်မယ်။ ၁၂ လ အောက် ကလေးငယ်လေးတွေဟာ အများဆုံးခံနိုင်တာက 25 micrograms/day (1000 IU) ဖြစ်တယ်။ ဗီတာမင် (ဒီ) များလို့ Hypercalcemia ကယ်လ်စီယမ်များတာကို ဖြစ်စေနိုင်တယ်။ စားချင်စိတ်နည်း၊ ပျို့မယ်၊ အန်မယ်၊ ဆီးများမယ်၊ အားနည်းမယ်၊ အိပ်မရဖြစ်မယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ ယားယံမယ်၊ ကျောက်ကပ်အလုပ် ပျက်မယ်။ ကိုယ်ဝန်ဆောင်ရင်လဲ လိုတာထက် ပိုမပေးသင့်ဘူး။ ကလေးကို သက်ရောက်ပြီး ဦးနှောက်ကို ထိခိုက်စေနိုင်တယ်။ ကလေးတွေမှာ ဥာဏ်ရည်ထိခိုက်မယ်။ အရိုးတည်ဆောက်မှု ထိခိုက်မယ်၊ ဝမ်းလျှောမယ်၊ စိတ်တိုမယ်၊ အလေးချိန်ကျမယ်၊ စိတ်ဓါတ်ကျမယ်။ ဖြစ်သူတွေကို အဲဒီဆေး ၂ မျိုး ပေးနေတာတွေ ရပ်ပြစ်ရမယ်။ ကျောက်ကပ်ပျက်စီးတာကို ပြန်ပြင်လို့မရနိုင်ဘူး။

နေရောင်အရနည်းတဲ့နေရာဒေသတွေမှာ ဗီတာမင်ဒီနည်းကြတယ်။ မြန်မာပြည်မှာ နေရောင်နည်းသွားပြီလား မသိပါ။ ကြောငြာတွေမှာရေးတာတွေကို ချင့်ယုံကြစေချင်တယ်။ နည်းနေသူတွေ ဆေးလိုကြတယ်။

1. Calcium (ကယ်လ်စီယမ်) http://doctortintswe.blogspot.com/2014/12/calcium.html
2. Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://dts-medicaleducation.blogspot.in/2013/02/calcium-blood-test.html
3. Calcium အမျိုးသမီး၊ ကလေးနဲ့ ကယ်လ်စီယမ် http://doctortintswe.blogspot.com/2016/03/calcium.html
4. Cramps ကြွက်တက်ခြင်း http://dts-medicaleducation.blogspot.com/2010/06/cramps_06.html
5. Vitamin D and Flu ဗီတာမင်ဒီ နဲ့ တုပ်ကွေး http://doctortintswe.blogspot.com/2017/07/vitamin-d-and-flu.html
6. Vitamin D pills could stop colds or flu ဗီတာမင်ဒီကနေ အအေးမိ-တုပ်ကွေးကို ကုသနိုင် http://doctortintswe.blogspot.com/2017/02/vitamin-d-pills-could-stop-colds-or-flu.html
7. Vitamin D ဗီတာမင် (ဒီ) http://doctortintswe.blogspot.com/2014/11/vitamin-d.html

ဒေါက်တာတင့်ဆွေ
၁၃-၁ဝ-၂ဝ၁၈
၃၀-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး