Smile ဆောရီး

ခေါင်းစဉ်ကို စိတ်မကောင်းစရာလို့ မထင်စေလိုပါ။ ကျွန်တော် မကြာခဏ ရေးလေ့ရှိတဲ့ ဝေါဟာရ။

ကျွန်တော်က ယဉ်ကျေးမှုလည်း ရေးတယ်။ မြန်မာစာနဲ့ စကားလည်း နည်းနည်းပါးပါး ရေးတော့ ဆောရီးရေးတာကို ပြင်ခိုင်းတာခံရတယ်။ မပြင်ပါ။ ဆောရီး။ အင်္ဂလိပ်စာလုံးနဲ့တော့ မရေးပါ။

ခုခေတ်မှာ ဆောရီးလို့ ပါးစပ်ကပြောကြသူ မနည်းလောက်လို့ထင်ပါတယ်။

မြန်မာပြည်အလည်ပြန်တော့ ရန်ကုန်လေဆိပ်ရောက်ကတည်းက မင်္ဂလာပါလို့ ကြားခဲ့ရတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝမှာ အတန်းထဲဝင်လာတဲ့ ဆရာဆရာမကိုသာ မင်္ဂလာပါလို့ အော်ကြရတယ်။

စားသောက်ဆိုင်က အမှုထမ်းတွေက ကျွန်တော့်ကို ကျောင်းဆရာလို့ထင်ကြမှာ မဟုတ်ပါ။ ဓါတ်ဆီဆိုင်က လူငယ် လူရွယ်တွေကလည်း ကျောင်းဆရာလို့ထင်ကြမှာ မဟုတ်ပါ။

ဆောရီးကို သဘောမတွေ့သူတွေက ကျွန်တော့်ထက် ယဉ်ကျေးကြတာလားတော့ မသိ။ Hi တဲ့။ တချို့က လက်ဝါးခါ ပြကြတယ်။ လျက်ဆားတောင်းတာ မှတ်နေတယ်။

ကျွန်တော်က Smile! ကို မြန်မာစာလုံးနဲ့ မရေးပါ။ အစည်းအဝေးမှတ်တမ်း သတင်းစာထဲထည့်လေ့ရှိတယ်။ ဥက္ကဋ္ဌကြီး မိန့်ခွန်းအဆုံးမှာ သြဘာသံများ တဲ့။

ဟာသအသံသွင်းတွေမှာ ရယ်စရာတခု ပြောပြီးတိုင်း အသံသွင်းထားတဲ့ ဝါးဟားဟား ရယ်သံထည့်ကြသလိုပဲ။ Smile!

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ