ဒါး ကနေ ဘာကြောင့် ဓား ဖြစ်လာသလဲ သမိုင်း

ဒါး နဲ့ ဓါး မူကွဲသတ်ပုံဖြစ်ပါတယ်။ နှစ်မျိုးလုံး ရေးနိုင်တယ်။ ဘာနဲ့ရေးရေး သွေးထားရင် ထက်တယ်။

ဗိုလ်ချုပ်နေဝင်းရဲ့ ဒါး ဒါးချင်၊ လှံ လှံချင်းလို့ သမိုင်းဝင်မိန့်ခွန်း ၁၉၆၂ ခုနှစ် ဇူလိုင်လထုတ်သတင်းစာမှာပါတယ်။ အဲဒီသမိုင်းကို ဖျောက်ချင်တာဖြစ်နိုင်တယ်။

အခုဆိုရင် ဗိုလ်ချုပ်နေဝင်း ကျောင်းသားတွေကို အဲဒီတုန်းက ဗုံးခွဲသတ်ခဲ့တာ သိတဲ့သူ နည်းနည်းလာပြီ။ ဒါးကြိမ်း ကြိမ်းတာကို သိတဲ့သူ နည်းလာပြီ။

သတ်ပုံသည် သမိုင်းကို သတ်၏။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၂၀

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်