Cough Drops ချောင်းခြောက်ပျောက် ချိုချဉ်

ဆရာ ကျနော်က အသက်၂၁နှစ်ရှိပါပြီ လည်ချောင်းထဲမှာ တစ်ဆို့ဆို့နဲ့ ချောင်းဟန့်တော့လည်း ချွဲမထွက်လာဘူးခင်ဗျ လည်ချောင်းယားပြီး ချောင်းအနည်းဆိုးပါတယ် ရင်ဘတ်လည်းအောင့်တယ်ခင်ဗျ ဘာဆေးသောက်သုံးသင့်ပါလည်းခင်ဗျ ဖြစ်တာ နှစ်ရက်ပြည့်တော့မယ်ခင်ဗျ

ကျွန်တော့်မှာလည်း လည်ချောင်းရှင်းရတာဟာ ပြဿနာ။ ရေဒီယိုတွေကမေးတာဖြေရရင် နားထောင်မယ့်သူတွေကို အတော် အားနာရတယ်။ Honey Lemon ငုံတဲ့ဆေးဝယ်ထားပါတယ်။ ပျားရည်၊ သံပုရာ၊ ပရုပ် ရောထားတာ။ တံဆိပ် အမျိုးမျိုးရှိတယ်။ ပဋိဇီဝဆေး မပါ။ မနက်တိုင်း ဆားရေနွေးနဲ့ ခံတွင်းသန့်ရှင်းပါ။ ဗက်တီးရီးယားကြောင့်ဖြစ်သူတွေက Amoxacillin 500 mg တနေ့ ၂ ကြိမ်၊ အနည်းဆုံး ၅ ရက်သောက်ရမယ်။

တစ်စို့စို့နဲ့ကို ပြင်လိုက်တယ်။ ဆောရီး။

Cough Syrups ချောင်းဆိုးပျောက်ဆေးများ http://doctortintswe.blogspot.com/2014/11/cough-syrups.html

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး