Coronavirus and Food Delivery ကရိုနာဗိုင်းရပ်စ်ရောဂါ နှင့် စားစရာမှာစားခြင်း

Covid ကာလမှာ Stay at home နေတဲ့အချိန် အစားအစာတွေ deli နဲ့မှာစားတဲ့အခါ အန္တရာယ်ရှိနိုင်ပါလားဆရာ ကျွတ်ကျွတ်အိတ်တို့ဖော့ဗူးတို့ကတော့ delivery ဆီကယူပြီးတာနဲ့လွှတ်ပစ်ပါတယ် အိမ်က ကျွတ်ကျွတ်အိတ်အသစ်နဲ့ ပြန်လဲထည့်ပါတယ် ခုကအထဲကအစားအစာတွေထဲ virus ပါနိုင်လားသိချင်တာပါဆရာ stay home မှာ အိမ်ကချက်တဲ့ အစားအစာတွေချည့်စားနေရတော့အပြင်စာလေးတွေမှာစားချင်လို့ပါ Deli လာပို့တဲ့အခါ ကျွတ်ကျွတ်အိတ်တို့ ဖော့ဗူးတို့ လဲလိုက်ရုံပဲရလား အထဲကအစားအစာကို မနွှေးစားလည်းရလားဆရာရှင့်

ကရိုနာဗိုင်းရပ်စ်ရောဂါ စားစရာကနေ မကူး။ စားစရာနဲ့ မကာကွယ်နိုင်။ စားစရာနဲ့ မကုသနိုင်။ ပိုးရှိနေသူ နှာခေါင်းနဲ့ ပါးစပ်ကထွက်တဲ့ အမှုန်လေးတွေက ကိုယ့်ကိုယ်ထဲ တနည်းနည်းနဲ့ဝင်ရင် ကူးနိုင်တယ်။

အခုထိတော့ အစားအသောက်မှာစားရာကနေ ကူးစက်သူ မရှိသေးပါ။ အလားတူပါပဲ လူသုံးကုန်ပစ္စည်းတွေ အွန်လိုင်းက နေမှာကြတယ်။ သတိထားစရာ အတူတူသာဖြစ်ပါတယ်။ ပစ္စည်းသေးရင် စာတိုက်ပုံထဲထည့်သွားတယ်။ မဆန့်တာကို အိမ်ရှေ့ချပေးသွားတယ်။ အခုပဲ သူ့အဖွားအတွက် သူ့မြေးက ဖုန်းတလုံး မှာပေးတာ ရောက်လာတယ်။

ဒေါက်တာတင့်ဆွေ
၂၀-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး