ကျောင်းပုံ

Khin Maung Sann ရေးဆွဲတဲ့ RIT ကျောင်းတော်ကြီးရဲ့ ရေဆေးပန်းချီဖြစ်ပါတယ်။

ကျွန်တော်လည်း ဆေးမန်းကျောင်းပုံ ဆွဲခဲ့ဖူးတာ ရှာမတွေ့တော့ပါ။ ၁၉၇၃ ခုထုတ် ကျောင်းမဂ္ဂဇင်းအဖုံးမှာ။

မန္တလေးဆေးကျောင်း မဂ္ဂဇင်းအဖုံးတွေစုထားတဲ့သူဆီမှာလည်း အဲတာမရှိတဲ့။ အတွင်းသရုပ်ဖေါ်ပုံတွေပါ ဆွဲခဲ့ရတယ်။ ကျောင်းနဲ့ မျက်နှာချင်းဆိုင်း လက်ဖက်ရည်ဆိုင်ရှေ့က ပလက်ဖေါင်းပေါ်ကနေ ဆွဲခဲ့ရတယ်။

ကျွန်တော်က ဟောက်ဆာဂျင်ဖြစ်နေပြီ။ ခုနှစ်ကို မမေ့ပါ။ မဂ္ဂဇင်းဦးစီးထုတ်တဲ့ဆရာက မဆလ ပါတီပဌမအကြိမ်ညီလာခံ ကာလဖြစ်လို့ မဆလ လိုဂိုပါထည့်ဆွဲပေးခဲ့ရတယ်။ ပါတီနဲ့အတူ ကျွန်တော့်ပန်းချီပါ ပျောက်သွားပုံရတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး