Foreigners နိုင်ငံခြားသားတွေ အတော်ဂွကျတယ်

ပြောရင် တော်တော်နဲ့ နားမလည်ကြ။ တခွန်းနဲ့ မရ။ တခါဖြေလို့ မပြီးကြ။ ဘိုစကားကြောင့်တော့ မဟုတ်။

တိုင်းပြည်အမည်ကို နှစ်ခါဖြေရတယ်။ ဘာလို့လည်းဆက်မေးရင် ဂွကျပြီ။

နိုင်ငံရေးပါလာရင် ပိုခက်တယ်။ အစိုးရနဲ့ စစ်တပ်မတူတာပြောရတာ အချိန်ကုန်တာသာ အဖတ်တင်တယ်။

မြန်မာစာသင်နေတဲ့ နိုင်ငံခြားသားတွေက ရှင်းပြရတာ အခက်ဆုံး။ ကနေ့ဖေ့စ်ဘွတ်မှာ တယောက်က တနိုင်ငံလုံးမှာ ရန်ကုန်တမြို့တည်းသာ ကိုဗစ်လူနာတွေကို မောင်းမထုတ်ပဲ လက်ခံကုသပေးနေလို့တင်တယ်။ နောက်တယောက်က တစ်နိုင်ငံလုံးမှာ ကူးစက်သူဘယ်နှစ်ယောက်လို့ တင်တယ်။ နောက်လူရေးတာမှားတယ်လို့ပြောရတာ အားနာရတယ်။ နိုင်ငံခြားသားတွေက အားနာတာလည်း သိကြတာမဟုတ်။

ကိုယ့်ပေါင် လှန်ထောင်းရတာက ခဏခဏ။ နိုင်ငံခြားသားများနဲ့ မတွေ့လိုပါ၏။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး