ကျွန်တော့အမြင်က ရှေးကျတယ်

ကွန်မင့်တခုရတယ်။ ကျေးဇူး။ လွှမ်းမိုဆိုတာအကြိုက်ဆုံးပါဆရာ ဒါပေသိ ရတုပိုဒ်ဆိုတာ သုံးနေရာလောက် မှားနေတာ သတိထားမိကတည်းက နောက်ထပ်နားမထောင်ဖြစ်တော့ပါ။

နတ်ရှင်နောင်သီချင်းမှာ ပြည်လှဖေထက် ပိုကောင်းတာမရှိ။ ဘယ်သီချင်း ဘယ်ရုပ်ရှင်မဆို မူရင်းကအကောင်းဆုံး။

သူများတိုင်းပြည်တွေကထုတ်တဲ့ အနုပညာတွေမှာလည်း မူရင်းကိုမီတာ သာတာရယ်လို့ အင်မတန်ရှားတယ်။

ရုပ်ရှင်မှာတော့ အသစ်တွေက စက်နဲ့ နည်းပညာတွေက ပိုကောင်းလာတာမှန်တယ်။ တေးဂီတမှာလည်း တူရိယာပစ္စည်းတွေကို ပိုကောင်းလာတာရှိပါမယ်။ အသံသွင်းစက်တွေ ပိုကောင်းလာတယ်။

ကျွန်တော့အမြင်က ရှေးကျတယ်။ မြစေတီကျောက်စာလို သဘောထားတယ်။ လက်ရေးလက်သား ဘယ်လောက် ပိုကောင်းနေနေ ကျောက်စာကို အသစ်ရေးရင် တန်ဖိုးမရှိလို့ ထင်နေတယ်။

ပြည်လှဖေ၊ ခင်မောင်ရင်၊ မမြရင်၊ မေရှင်၊ စတဲ့အဆိုတော်တွေ ကနေ့ထိ ရှင်နေကြတယ်လို့သာ မှတ်ထင်နေမိတယ်။ အများကြီးရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး