ပန်ထွေဖျော် ဋီကာ

ပန်ထွေဖျော်က ဘာလဲဆရာ။ အခုမှကြားဖူးလို့ပါ။
ခရမ်းချဉ်သီးကို ချက်တာပါ
မဟုတ်ပါ။ ဆောရီး။

ပန်ထွေဖျော်စာလုံး ဘီဘီစီမှာ ပန်ဆိုတာက ငါးပါ။ ထွေဆိုတာက အထွေထွေအလီလီ။ ဖျော်ဆိုတာကတော့ ရောလိုက်တာ၊ ဖျော်လိုက်တာ၊ ပေါင်းစပ်လိုက်တာကို ပြောတာပါတဲ့။ ခရမ်းချဉ်သီးရယ်၊ ငရုတ်သီးရယ်၊ ငါးပိရယ်၊ နံနံပင်ရယ်၊ ကြက်သွန်နီရယ် မဖြစ်မနေပါရမယ်လို့ ဆိုကြသကိုးတဲ့။ ပန်ကို ငါးလို့ခေါ်တာက ပါဠိစကား။ ပါဠိလို ငါးကို ပဉ္စလို့ ခေါ်တယ်။ ပဉ္စဆိုတာကလည်း ဗမာအသံထွက်ပါ။ အင်ဒိုဥရောပ အနွယ်တွေက ပန်ဂျ လို့ ထွက်ပါတယ်။ ပန်ဆိုတာ အဲဒီ ပန်ဂျရဲ့ အတိုကောက်လို့ ဖတ်ရတယ်တဲ့။ ပါဠိအဘိဓာန်မှာ ပန္နကိုလည်း ငါးလို့ အဓိပ္ပာယ်ပေးတယ်။ ပင်တာဂွန်စစ်ဌာနချုပ်၊ ပဉ္စဂံ၊ ပဉ္စကလျာဏီ၊ ပဉ္စငါးပါး၊ ပဉ္စရူပ၊ ပဉ္စဝဂ္ဂီ၊ ပဉ္စနန္တိယကံ၊ ပဉ္စင်တူရိယ၊ ပဉ္စင်း ဥပမာတွေ ပေးထားပါတယ်။ ကျေးဇူး။

ကျွန်တော်လည်း ၅ ဂဏန်းအကြောင်း လေ့လာကြည့်ပါတယ်။
Hindi ဟင်ဒီစကားမှာ
၁ = Ek
၂ = Do
၃ = Teen
၎ = Char
၅ = Panch ပန့်ခ်ျလို့ အသံထွက်တယ်။

Sanskrit ဆန်းစ်ကရစ် ခေါ် သက္ကတဘာသာမှာ
၁ = ekam
၂ = dve
၃ = treeni
၎ = chatvaari
၅ = pancha (pañca) ပန်ချာလို့ အသံထွက်တယ်။

Greek ဂရိဘာသာမှာ
၁ = Ena
၂ = Dio
၃ = Tria
၎ = Tessera
၅ = Pente ပန်တေးလို့ အသံထွက်တယ်။

IUPAC numerical multiplier ဂဏန်းမြှောက်ကိန်းမှာ
၁ = mono-
၂ = di-
၃ = tri-
၎ = tetra-
၅ = penta- ပင်တာလို့ အသံထွက်တယ်။

ဘာသာခြားတွေကနေ အသံယူတာမှာ နည်းနည်းတော့ ကွဲလွဲနိုင်ပါတယ်။

ပန်ထွေဖျော်ကို ဝီကီပီးဒီးယားမှာ ခရမ်းချဉ်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ ဆားတဲ့။ ၆ မျိုး။ ငပိအစား ဆားလို့ရေးထားတယ်။

ကျွန်တော်တို့အရပ်မှာ ငပိပါတယ်။ တချို့က ငန်ပြာရည်။ ပန်တွေဖျော်ဝေါဟာရအကြောင်း ကောင်းကောင်းမသိလည်း စားလို့ကောင်းတယ်။ ခရမ်းချဉ်းသီးကို မီးကင်တဲ့နည်းက အမှန်ဆုံး။ မီးဖိုနေအိမ်အခြေအနေမရ တချို့ကပြုတ်တယ်။ ကနေ့ မိုက်ခရိုဝေ့ဖ်မှာ အပူပေးသတဲ့။

ကျွန်တော်ကတော့ ဆီစိမ်းလေးနည်းနည်းတော့ပါမှ။ ငရုတ်သီးလည်း အခြောက်ရော အစိုရော ပါချင်သေးတာ။ ၇ မျိုး ၈ မျိုးဖြစ်ရော။

သူငယ်ချင်းဆရာဝန်ယောက်က ပန်တွေဖျော်က ပန်ထွာမင်းသမီးနဲ့ ဆိုင်မလားမသိတဲ့။ ဒေါ်မြမြအေးကလည်း သူငယ်ငယ်က အဲလိုပဲစဉ်းစားခဲ့ဘူးတယ်တဲ့။ ထွေတယ်ဆိုရင်တော့ ပျူမင်းသမီး တခုခုများသောက်လေသလား စဉ်းစားရပြန်ရော။ မဟုတ်လောက်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး