Coronavirus Comparisons ကရိုနာဗိုင်းရပ်စ်ရောဂါ မတူကြပါ

စာရင်းဇယားတခု သတင်းအချက်အလက်တမျိုးတည်းကြည့်ပြီး ဘယ်နိုင်ငံနဲ့ ဘယ်နိုင်ငံ တူတယ် မတူဘူး၊ ဟိုက သာတယ်။ ဒီကမြန်တယ် ပြောလို့မရနိုင်ပါ။

ယူအက်စ်အေမှာ ၂၀-၄-၂၀၂၀ နေ့စာရင်းအရ လူ လေးသောင်းကျော်သေဆုံးတယ်။ လူဦးရေက သန်း ၃၃၀ ရှိတယ်။ ဥရောပက ယူကေ၊ ပြင်သစ်၊ ဂျာမဏီ အီတလီနဲ့ စပိန်နိုင်ငံ ၅ ခုပေါင်းမှာ လူဦးရေ သန်း ၃၂၀ လောက်ရှိတယ်။ သေဆုံးတာက ရှစ်သောင်းငါးထောင်ကျော်တယ်။

သေဆုံးမှုနှုန်း ဂျာမဏီနဲ့ တောင်ကိုရီးယား နည်းကြတယ်။ တရုပ်ပြည်မှာ သေဆုံးနှုန်းတွက်နည်းကို ပြင်လိုက်လို့ အတော် နည်းနေတာ တွေ့ရတယ်။ ၅၀% သာရှိတော့တယ်။ စစ်မှန်မှုကို မေးခွန်းထုတ်ကြတယ်။

ကျန်းမာရေး အခြခံအဆောက်အအုံတွေကလည်း မတူကြပါ။ စစ်ဆေးနိုင်ခြင်းကို အလေးထားမှုနဲ့ လုပ်ဆောင်နိုင်စွမ်း မတူကြပါ။  နိုင်ငံရေးလည်း မတူကြပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး