IUD ထုတ်လို့ ရေးရတယ်

ဆရာရှင့်မေးခွင့်ပြုပါ ကျမအသက်က ၄၃ ပါ သမီးလေးမွေးပြီး ၄၅ ရက်ကတည်းက IUT ထည့်ထားပါတယ် အခု သမီးလေးကအသက် ၁၇ ပါ ပြန်ထုပ်သင့်ပြီးလားသိချင်ပါပါတယ်ကျေးဇူးပြုပြီးဖြေပေးပါရှင့်

IUD (IUCD) လို့ ခေါ်တယ်။ ၅ နှစ်အထိသာ ထားလေ့ရှိတယ်။ ထုတ်လို့ ရေးရတယ်။

ထုတ်
ထုတ်၍ပြသည်
ထုတ်ချင်းခတ် (တိုးယိုပေါက် အပိတ်အပင်မရှိ)
ထုတ်ထုတ်မြည်သံ
ထုတ်ပယ်
ထုတ်ပြန်ကြေညာ
ထုတ်လုပ်သည်
ထုတ်သန်း = ဖိလာကန့်လန့်
ထုတ်ချောက် (ထုတ်ချောင်း) = မလွဲဧကန်
ထုတ်ဆောင်ပြ
ထုတ်ဖော် (ထုတ်ဘော်)
ထုတ်နှုတ်
ယစ်ထုတ် (အရက်သမား)
သတင်းစာထုတ်ဝေသည်
သားအိမ်ထုတ်သည်
အကျိတ်အလုံးထုတ်သည်
အတွင်းမှ အပြင်သို့ထုတ်
အမိန့်ထုတ်ပြန်သည်
အပြင်သို့ထုတ်ပါ
သွေးထုတ်ယူသည်

ထုပ်
ကျပ်ထုပ်ထိုး
ထမင်းထုပ်
ထုပ်ဆီးကစားသည်
ထုပ်ပိုးသည်
ထုပ်ပေါ် ကြွက်လျှောက်
ထုပ်လျှောက်ဒိုင်းမြား
ဖက်ဖြင့်ထုပ်
မုံ့ဖက်ထုပ်
လုံခြုံစွာထုပ်ပါ
အထုပ်အပိုး
ဦးထုပ်

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး