အကြိုက် မတူကြပါ

ကျွန်တော်က အကောင်တွေ မမွေးပါ။ အကောင်ရောဂါတွေလည်း မကုတတ်ပါ။ ကွန်မင့်မှာ အကောင်ရုပ်တွေ လာတင်တိုင်း ဖျက်တယ်။ တချို့က အလွန်သဘောကျတယ်။ အိမ်မှာမွေးထားကြတယ်။ အဲတာကို ပြောရန် မရှိပါ။ ကျွန်တော့်အိမ်ကိုသာ အကောင်လာမပို့ပါနဲ့။

ကျွန်တော်က ပေါ်လစီအရ ပလီပြင်ထားတဲ့သတ်ပုံကို သဘောမတူပါ။ သူများတွေက အဲလိုရေးကြတယ်။ အဲတာတွေကို ဝယ်ကြတယ်။ ကျွန်တော့စာအုပ်စင်မှာ တင်မထားပါ။

အရုပ်တွေလည်း ဒီအတိုင်းပဲ။ ကျွန်တော်က ရွံ့ရုပ်ကို ကိုယ့်လက်နဲ့လုပ်တဲ့လူ။ အင်တာနက်လမ်းပေါ်အရုပ်တွေ ကိုယ့်အိမ်မှာသာ ကစားကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး