Butterfly Bean ပဲလိပ်ပြာ

ဟင်းသုံးခွက်
ပဲလိပ်ပြာရွက်ချက်
ဆူးပုပ်ကြီးရွက်ကြော်
အမဲဝမ်းတွင်းသားဟင်း

ဒေလီမှာနေစဉ်က ဝမ်းတွင်းသားကို အကျအန အချိန်အတော်ကုန်ခံပြီး သန့်ရှင်းရတာကို အမှတ်ရတယ်။ ဒီမှာကတော့ သန့်ထား ရှင်းထားပြီးသား ရတယ်။



ဒေလီမှာနေစဉ်က ဝမ်းတွင်းသားကို အကျအန အချိန်အတော်ကုန်ခံပြီး သန့်ရှင်းရတာကို အမှတ်ရတယ်။ ဒီမှာကတော့ သန့်ထား ရှင်းထားပြီးသား ရတယ်။

ပြောကြပါမည် ဆူးပုပ်ကြီး။ သွေးတိုးနည်းနည်းရှိသူရော မရှိသူပါ အတူစားကြတယ်။ ကျွန်တော်က နေ့လယ်စာစားပြီးတိုင်း ခဏတာ မှေးလေ့ရှိတယ်။ ကနေ့တော့ နေ့လယ်စာစားပြီး အခုထိ မှေးချင်စိတ်မရှိသေး။

ပဲလိပ်ပြာရွက်စားနေရင်း အဲဒီအပင်ကပဲက ဘာလဲ မေးကြည့်မိတယ် အဖြေမရသေး။ စားကောင်တယ်။ စားကောင်းကြပါစေ။

ကွန်မင့်တခုက ဖြေပေးတယ်။ ပဲလိပ့်ပြာက ပဲထောပတ်လိုအပြားကြီးကြီး အစိမ်း အတိုင်းဘဲ အခွံလေး ခွာပြီး နှပ်စားပါတယ် ဆရာ။ စားလို့ကောင်း ပါတယ် ပဲကြီးလိုအနံ့ မရှိပါဆရာ။

ကျေးဇူး။ ပဲလိပ့်ပြာလို့ရေးတာမှာ အောက်မြစ် အပိုပါနေတယ်။ ချက်စားရင် ဆားလေးသလိုဖြစ်တယ်။ Smile!

တကယ်လည်း ဟင်းက ခပ်လေးလေးအရသာရှိတယ်။

စာမတတ် လမ်းဖတ်။ ပဲမသိ ဖေ့စ်ဘွတ်တင်ကြည့်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး