ဂျင်းကုန်သည်နှင့် ထန်းလျက်ပွဲစားများသို့

မနေ့က ပို့စ်က Heart rate နှလုံးခုန်နှုန်းအောက်မှာ
ရဲနွယ် ရဲနွယ် ဂျင်း +ထန်ညှက်ပြုတ်သောက်လိုက်ပါ တဲ့။

ကနေ့ ကရိုနာစာအောက်မှာ
A Aye Myint ဂျင်းနဲ့ထန်လျက် ပြုတ်သောက်ျပါဆရာ တဲ့။

အားတော့နာရပြန်ပြီ။ ကိုယ်ပိုင်ဆေးနည်းတွေ အရပ်နည်းတွေကို ကိုယ့်နေရာမှာသာ တင်ပါရန်လို့ အကြိမ်တရာလောက် တင်ထာတယ်။ ဆက်ပြောရမှာကို အားနာတယ်။ စေတနာမှာ ပညာမပါရင် သူများကို ဒုက္ခပေးတယ်။ အဲတာကို အကြိမ် ၂၀ လောက် တင်ထားတယ်။

ဆရာဝန်တွေ ဟစ်ပိုကရေးတီးစ်ပဋိညာဉ် ဆိုတာထဲမှာ Do No Harm လည်းပါတယ်။ မပျောက်လျှင်နေပါစေ ကိုယ်က လူနာကို ဒုက္ခမပေးပါနှင့်။

နောက်ပို့စ်မှာ ဦးနှောက်ကင်ဆာရေးရင် နောက်တယောက်က ထန်းလျက်နဲ့ ချင်း စားခိုင်းဦးမယ်တင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၂၀
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး