Abandoning the Child ကိုယ်မချိ အမိသော်လည်း သားတော်ခဲ

ကိုယ်မချိ အမိသော်လည်း သားတော်ခဲက ဘာကိုရည်ညွှန်းတာလဲဆရာ မကြားဖူးပါ၍

ကမ္ဘာမီးလောင် သားကောင်ချနင်းနဲ့ ဆင်တယ်။ မိခင်ဟာ အတိဒုက္ခရောက်လွန်းနေချိန်မှာ ကိုယ့်သားသမီးကို သားသမီးလို့ မယူဆနိုင်တော့ပဲ စွန့်ပစ်တယ်။ ရောင်းစားတယ်။

အစာငတ်မွတ်ခေါင်းပါးတဲ့အခါ ကိုယ့်သားသမီးကအစ ဘယ်သူ့ကိုမှ ညှာတာခြင်း မပြုနိုင်တောတဲ့သဘောဖြစ်တယ်။

အရှက်တရားကြောင့်လည်း ဖြစ်တယ်။ အဖေမဖေါ်နိုင်ပဲ မွေးလာတဲ့ကလေး စွန့်ပစ်တယ်။ သေစေတယ်။ ကိုယ်ဝန်ကို တမင်ဖျက်တာလည်း ဒီသဘောပဲ။

ဆိုစကားသာ အမိဆိုပေမဲ့ အဖေတွေကလည်း အဲလိုလုပ်တာမျိုးတွေ ရှိတယ်။

ကနေ့လည်း တကယ်ဖြစ်နေတာတွေ ရှိတယ်။ ကလေးရောင်းစားတယ်။ ကလေးတွေကို တောင်းရမ်းစေတယ်။ သမီး မိန်းကလေးကို မတော်တဲ့အလုပ် လုပ်စေတယ်။

အိန္ဒိယမှာ တိုင်းပြည်ကလည်းကြီး လူအများစုကလည်း ဆင်းရဲနိမ့်ကျလို့ အဲလိုသတင်းတွေ နေ့တိုင်းလိုလို ဖတ်ခဲ့ရတယ်။ မြန်မာပြည်မှာ ဘယ်သူကမေမေး မဖြေပါမေးခွန်း နေ့တိုင်းလိုလို လာတယ်။ ကန်တော့။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး