အချို နှင့် အခါး
အမယ်များတော့ ရွေးစားတယ်။ မုန်ညင်းရွက်ချက်၊ အာလူးသီးကြော်၊ ဆီးဖြူသီးထောင်း၊ လီမာပဲပြုတ်၊ ငရုတ်သီးနဲ့ ငါးသေးလေးကြော်။ တခွက်က ခရက်ဘောလ်တဲ့။ ပင်လယ်စာကို အလုံးလုပ်ထားတာ။
လီမာဆိုတာ ချီလီနိုင်ငံကလာတဲ့ပဲ။ ဂန့်ဂေါပဲ ယောပဲနဲ့တူတယ်။ ငရုတ်သီးက တရုပ်က လာတာတဲ့။ တရုပ်ဆိုပြီး ညောင်ကန်ငရုတ်လည်း ဖြစ်နိုင်တယ်။ မုန်ညင်းအခါးကို ပိုကြိုက်တယ်။
မုန်ညင်းရွက် ဝယ်လာပေးသူက မျက်စိမှိတ်သာစားတဲ့။ ဒီမှာ အာရှစာ မြန်မာပြည်ကစားစရာမှန်သမျှ ဈေးကြီးတယ်။ အမေရိကန်စာတွေက ဈေးချိုတယ်။
ဒေါက်တာတင့်ဆွေ
၂၀-၄-၂၀၂၀

Comments
Post a Comment