ရင်ကျပ်ရောဂါလူနာအား ဆရာဝန်က နားကြပ်ဖြင့် စမ်းသပ်သည်

ကျပ်၊ ကြိ- ၁။လျော့ခြင်း၊ ချောင်ခြင်းမရှိ၊ ကျဉ်းမြောင်းသည်။ ၂။ လျော့ခြင်း၊ ချောင်ခြင်း မဖြစ်အောင်လုပ်သည်။
ကြပ်၊ ကြိ-၁။ ထိန်းသိမ်းကွပ်ကဲသည်။ ၂။ မကွဲမကွာဖြစ်စေသည်။ မြဲစေသည်။ ~ကြပ်၊ ကြိဝိ-စွဲစွဲမြဲမြဲ။ အထက်ပါအတိုင်း မြန်မာအဘိဓာန်မှာတွေ့ရပါတယ်။
၁။ ကျပ်နေအောင်ဖက်ထား
၂။ ကြပ်နေအောင်ဖက်ထား
နှစ်ခုအနက် ဘယ်တခုက အမှန်ဖြစ်ပါသလဲခင်ဗျ။

ဟုတ်တယ်။ အတော်ရောထွေးတဲ့ သတ်ပုံဖြစ်တယ်။ ကျွန်တော်လည်း မကြာခဏ မှားတယ်။ ရင်ကျပ်ရောဂါလူနာအား ဆရာဝန်က နားကြပ်ဖြင့်စမ်းသပ်သည်။

ကျပ်
ကျပ် (ဘိုးသူတော် အသုံးအဆောင်)
ကျပ်ကျပ်တင်းတင်း = ကျပ်ကျပ်တည်းတည်း = ကျပ်ကျပ်တဲတဲ
ကျပ်ချွတ် = အသစ်စက်စက်
ကျပ်ခိုးစင် (မီးဖို)
ကျပ်စည်းသည်
ကျပ်တံ = နားကျပ်တံ၊ ပြောင်းကျပ်တံ
ကျပ်တင်ခြောက်
ကျပ်တည်းကျဉ်းမြောင်း
ကျပ်တန် (တကျပ်၊ နှစ်ကျပ်)1
ကျပ်တိုက်
ကျပ်ထုပ်ထိုး
ကျပ်နာ ဘင်နာ
ကျပ်မပြည့်သူ
ကျပ်ပြား (ဒင်္ဂါးပြား)
ကျပ်သဘိနာ (ရင်ပြည့်သောအနာ)
ကျပ်ကောင် (ဂျပ်ကောင်)
ကျပ်လျောင်းခွက်အုပ် = ကွမ်းထည့်သောအုပ်စသည်
ကျဉ်းကျပ်သည်
ကျဉ်းကျဉ်းကျပ်ကျပ်။
ချွဲကျပ်
တင်းပြည့်ကျပ်ပြည့်၊
တညင်းကျပ်ပြား
တိုင်းကျပ်မင်း
နားကျပ်ပေးပါ (ကိရိယာမဟုတ်)
ကြက်တောင်နှင့်ကျပ်
မကျယ်ဘဲ ကျဉ်းကျပ်နေသည်။
မချောင်ဘဲ ကျပ်နေသည်။
ပြည့်ကျပ်နေသည်
ရင်ကျပ်ရောဂါ၊
လက်ကျပ်အင်္ကျီ၊
ဝက်အူကျပ်ပေးပါ။
သင်းကျပ် (သင်းကျစ်)
အကျပ်ကိုင်
အကျဉ်းအကျပ်၊
အင်္ကျီကိုယ်ကျပ်။
အသစ်ကျပ်ချွတ်။
အစောင့်အကျပ်
အပေါင်းရကျပ်
ဘေးကျပ်နံကျပ်၊
ဘေးထိုးရင်ကျပ်၊
မြောင်းကျပ်ကြား

ကြပ်
ကိုယ်တိုင်ကိုယ်ကြပ်၊
စည်းကြပ်
တပ်ကြပ်၊
တိုက်အုပ်တိုက်ကြပ်
ထက်ကြပ်မကွာ၊
ထိန်းကြပ်
ကြီးကြပ်
နားကြပ်ကိရိယာ၊
ကြပ်ထုပ်ထိုး
ကြပ်ပူတိုက်
ကြပ်ကြပ် (ခိုင်မာ)
ကြပ်ကြပ်တင်းတင်း
ကြပ်ကြပ်တည်းတည်း
ကြပ်ကြပ်မမ
ကြပ်ကြပ်သတိထား
ကြပ်မတ်
ကြီးကြပ်သည်
လက်ပူးလက်ကြပ်မိ
အခွန်စည်းကြပ်
အကြပ်တပ်သား၊
စောင့်ကြပ်

ဒေါက်တာတင့်ဆွေ
၂၁-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး