Hygiene and Tropical medicine အပူပိုင်းဒေသ ဆေးပညာ

ဆရာ အပူပိုင်းဒေသ ဆေးပညာဆိုတာ ရှင်းပြပေးပါ ဆရာ။ Hygiene and Tropical medicine ဆိုတာ သေချာမသိလို့ပါ ဆရာ။

Tropical medicine ဆိုတာ ဆေပညာဘာသာရပ်တခုဖြစ်တယ်။ အပူပိုင်းဒေသတွေမျာအဖြစ်များတဲ့ ရောဂါနဲ့ ကျန်းမာရေးအကြောင်း ဖြစ်တယ်။ ဥပမာ အဲဒီဒေသတွေမျာ အဖြစ်များတဲ့ ငှက်ဖျား၊ HIV/AIDS နဲ့ တီဘီရောဂါတွေ။ ခွေးရူး၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါတွေလည်းပါတယ်။ အဲဒီဒေသတွေဟာ အများအာဖြင့် ဆင်းရဲကြတယ်။ ဆင်းရဲတာ အနေထိုင်သန့်ရှင်မှုနည်းတာတွေနဲ့ ဆက်ဖြစ်တဲ့ရောဂါတွေပါတယ်။ ကူးစက်ရောဂါတွေရော မကူးစက်တဲ့ရောဂါတွေပါ ပါတယ်။

Hygiene ဟိုက်ဂျင်းဆိုတာ သန့်ရှင်းရေး။ တကိုယ်ရေသန့်ရှင့်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး။ ကလေးတွေနဲ့ အမျိုးသမီးတွေ သန့်ရှင်းရေး။ ဝမ်းနဲ့ဆိုင်တဲ့ရောဂါတွေ၊ ရေနဲ့ အစားအသောက်ကနေ ဖြစ်တဲ့ရောဂါတွေ၊ အိမ်သာကအစ ပါတယ်။ သန်ကောင်၊ ခြင်၊ ယင် စသည်။

မြန်မာပြည်ကဆေးကျောင်းတွေမှာ အရင်က နောက်ဆုံးနှစ်အပိုင်း (က) မှာ တနှစ်ခွဲသင်ရတယ်။ အခုတော့ သိပ်မသိပါ။ အရေးကြီးတဲ့ ပြည်သူ့ကျန်းမာရေးဘာသာရပ် ဖြစ်ပါတယ်။

Hygieia ဟိုက်ဂျီယာနတ်သမီး https://doctortintswe.blogspot.com/2019/10/hygieia.html
Hygiene သန့်ရှင်းရေး https://doctortintswe.blogspot.com/2018/04/hygiene.html

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး