ရွှေ နှင့် ပုလဲ

ဝါလဲ့ဝင်းလျက်၊ အကင်းထွက်မျှော်
ပင်ပေါ်သရက်၊ မကန်းကွက်သို့
နှစ်သက်ဖွယ်လျှင်၊ ရွရွပင်တည့်။

သို့စဉ်အခိုက်၊ ဗျိုင်းတသိုက်သည်
တိမ်တိုက်ပျံကျ၊ ဝါအလှတွင်
ဖြူလွနှောယှက်၊ အရောင်စွက်သော်
မိုးထက်နီလာ၊ တကဲပြာဝယ်
ရွှေဝါပုလဲ၊ အဖေါ်တွဲသည်
တူနွှဲပျော်မွေ့၊ သီတင်းလေ့၍
တွေ့ကြလေပြီ၊ တကျည်ကျည်သည်
ဟိုဆီပင်ပေါ် သရက်မှာတည်း။ (ဇော်ဂျီ)

၁၉၃၂ ခု ဒီဇင်္ဘလာလထုတ် ဂန္ဓလောကမှာ ရေးသားခဲ့တဲ့ကဗျာဖြစ်ပါတယ်။ ပုံကို ရတာသာသုံးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)