ညောင်ပင်တစ္ဆေ

ညောင်ပင်တစ္ဆေ ဝေလေလေ
နင်ဘယ်ကိုင်းမှာနေ ညောင်ကိုင်းမှာနေ
နင်ဘာရေသောက် ညောင်ရေသောက်
နင်ဘာသီးစား ညောင်သီးစား

တစ္ဆေ စာလုံးမှာ တစ်ဆေ ကို အဆင့်ထပ်ရေးထားတာ။ အသံထွက်တော့ တဆေ။ အဲတာမျိုးကို ရေးတော့ အမှန်၊ ဖတ်တော့ အသံ လို့ ခေါ်ပါတယ်။ တခါတလေ ကို စသတ်တွေနဲ့ရေးပြီး တ သံထွက်ခိုင်းတာဟာ အမှားလိုက်လုပ်ကြလို့ အမိန့်ပေးတာ။

မြန်မာစာ တစ္ဆေခြောက်ခံနေရပါသတည်း။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး