History Water Filter သမိုင်းစစ် စစ်ယူရမယ်

သမိုင်းအကြောင်း မကြာမကြာ မေးကြတယ်။ အဲလိုစိတ်ဝင်စားမှုရှိတာ အလွန်ကောင်းတယ်။ အားပေးတယ်။ ဒီစာမှာ နောက်ထပ်အမြင်တခုနဲ့ ရေးပါမယ်။

သမိုင်းဆိုတာ မှတ်တမ်းဖြစ်တယ်။ ကျောက်စာကနေ စတယ်။ အဆင့်ဆင့်။ ခုခေတ်တော့ အင်တာနက်မှာ တင်ကြတယ်။ ကျောက်စာ၊ ပေစာတွေကိုသာ နောက်လူတွေက ပြင်မရ။ စက္ကူပေါ်ရေးထားခဲ့တာကို ပြန်ထုတ်တော့ ပြင်ရေးကြတယ်။ လွဲကုန်ပြီ။ အဲတာ သမိုင်းမဟုတ်။ ကွန်ပြူတာခေတ်မှာ ပြင်ကြတာ အဆိုးဆုံး။ ထင်တာရေး ပြင်နေကြတယ်။ မှားကုန်ပြီ။ အဲတာ သမိုင်းမဟုတ်။

သမိုင်းနောက်ခံတွေကို စာရေးဖွဲ့ဆိုကြတယ်။ ကဗျာလင်္ကာသီချင်း သီကုံးကြတယ်။ ဇာတ်အဖြစ် ကပြကြတယ်။ ရုပ်ရှင် ရိုက်ကြတယ်။ ဖတ်ကောင်းအောင်၊ ရသပေါ်လွင်အောင်၊ နားထောင်ရ ကြည့်တဲ့သူတွေ စွဲလမ်းနှစ်သက်အောင် အပိုအဆာတွေ ထည့်ကြတယ်။ အတော်များများ လွဲကုန်တယ်။ အဲတာ သမိုင်းမဟုတ်။

ခေတ်ရဲ့လိုအပ်ချက်အရ ဥပမာ ဇာတိမာန်၊ ကိုယ့်အစိုးရ အထောက်အကူပြုရေး။ မွှမ်းတာတွေပါ ထည့်ရေးကြတယ်။ မမှန်တော့ပါ။ အဲတာ သမိုင်းမဟုတ်။

စာပေတန်ဖိုး၊ အနုပညာတန်ဖိုး၊ နိုင်ငံရေးတန်ဖိုးတွေအရတော့ သူ့နေရာနဲ့သူ အသုံးကျပါတယ်။ ပယ်ပါလို့ မပြောပါ။ သမိုင်းကို သိလိုသူကတော့ အဖြစ်ကို ထုတ်ယူကြရမယ်။ ခက်တယ်။ ဘာသာရေးစာတွေလည်း အတူတူ။ ဒီစာမှာ ထည့်မရေးလိုပါ။

အချက်လက်မှန်တွေကို ထုတ်ယူလို့ရပြီးတဲ့နောက်မှာ ကိုယ့်သမိုင်း ညံ့ခဲ့ မှားခဲ့တာတွေကို အမျိုးမတော်ချင်လို့တော့ မရတာကိုလည်း သိရမယ်။ တော်ခဲ့လွန်းတယ်လို့ ထင်စေအောင်လုပ်ထားတာကိုတော့ ဆက်ပြီးသိတ်ကူးမယဉ်ပါနဲ့တော့။

ခုခေတ် ရေစစ်မသုံးကြတော့တာ ခက်တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး