ဥတု ရာသီ
(ကန်တော့)
မိုးလေဝသ ရေးမှာ မဟုတ်ပါ။ အမျိုးသမီးတွေ အပျိုဖြစ်ကတည်း သွေးဆုံးတဲ့အထိ လစဉ်သွေးဆင်းတာကို ဘယ်စာလုံး သုံးကြသလဲ မတူကြပါ။ ကျွန်တော်လည်း အကုန်မသိ။ ကျွန်တော်က ရာသီလို့ အများဆုံးရေးတယ်။ အဲတာကို မသိတဲ့ အမျိုးသမီးတွေက ပြန်မေးကြတာ ဆယ်ယောက်လောက်ရှိပြီ။ ဓမ္မတာလို့ ခေါ်သူတွေလည်းရှိတယ်။
အဲတာကိုတင်တော့ ကျောင်းနေဘက်သူငယ်ချင်းတယောက်က ကွန်မင့်ရေးလာတယ်။ ရတနာပုံခေတ်ကတော့ ရာသီလာတာကို ဥတုလာတယ်လို့ သုံးပုံရပါရဲ့။ ကိုးကား စလေဆရာဦးပုညရဲ့ ဥတုနဲ့ ပုဇွန်ဆီ။
သူငယ်ချင်း ခုခေတ်မှာ ဥတုသုံးလီ ရာသီစက်ဝန်းလည်း မသိသူကများနေပြီ။ Menstruation ကို စပယ်လင်မှန်သူ တဝက် မမှန်သူ တဝက် ရေးကြတော့တယ်။
ဦးပုည ဘာရေးခဲ့လဲ။ ညစ်ညမ်းလို့ ကန်တော့လို့ ထိပ်မှာရေးထားတယ်။ ဦးပုညက မတူခြားနားမှုတွေကို နှိုင်းယှဉ် ရေးထားတယ်။ အကောင်းနဲ့ အဆိုး၊ အသေးနဲ့ အကြီး။
ဂျပ်ကောင်နှယ် ဖင်ကြားက၊ သန်းစကား သူဝါ၊ ရမ်းကား၍ တုလာလျှင်၊ ဥပမာဆိုစို့၊ ချေးပုံနှင့် မြင့်မိုရ်တောင်၊ ခင်းဆိုယောင် ပြုကြသည်သို့၊ သေးကွက်ကို ပင်လယ်၊ နင်တကယ်ထင်လို့၊ သဘင်ဝယ် ယှဉ်မတို့ လာနှင့်၊ သခင်တို့ ဦးချီ၊ အုန်းမှုတ်လို အနေစားငယ်နှင့်၊ ရွှေဖလား မနှိုင်းတန်သင့်ပြီ၊ ဥတုနှင့် ပုဇွန်ဆီ၊ ဒွန်ပီပီယှဉ်တွဲလို့ ၊ စပ်ဖဲအတွင်းခံ၊ ရိုင်းမိုက်တဲ့ ဥာဏ်။ မိုးကြိုးနှင့် အီးသံလို၊ ခရီးမှန်ကွာလှမ်းလှလေး။
ပြောင်လှောင်တာတွေ ဘန်းစကားတွေ လာမရေးကြစေလိုပါ။ ရေးရင် ဖျက်မယ်။ ကျွန်တော်တို့အားလုံး အမေက မွေးထားတာ။
ဒေါက်တာတင့်ဆွေ
၂၀-၄-၂၀၂၀

Comments
Post a Comment