Heart rate နှလုံးခုန်နှုန်း

ဆရာ မင်္ဂလာပါခင်ဗျာ အသက် ၄၁ နှစ် ပါ ကလေး ၂ ယောက်နှင့် အိမ်ထောင်ရှိပါတယ် နလုံးခုန်တွေမြန်ပြီး ချမ်းစိမ့် ချမ်းစိမ့် ဖြစ်တာ ၁ လလောက်ရှိပါ ပြီ ၅ ရက် လောက်ကောင်းလိုက် ပြန်ဖြစ်လိုက် နဲ့  ကြာနေလို့ပါ မိသားစု ကတော့ ဘာမှမဖြစ်ပါဘူး ဘာဖြစ်မှန်းမသိလို့ပါ ကိုရိုနာဖြစ်ချင်နေတာလားမသိဘူးခင်ဗျာ စိတ်ပူပြီးအိပ်မရတာ ၂ ရက်ရှိပါပြီ ဘာဆေးဝယ် သောက်လို့ရမလဲ ခင်ဗျာ။

ကရိုနာဗိုင်းရပ်စ်လက္ခဏာတွေ ခဏခဏတင်ထားတယ်။

နှလုံးခုန်နှုန်းကို သက်ရောက်စေနိုင်တဲ့အချက်တွေရှိတယ်။
1. အသက်
2. ကျန်းမာရေးနဲ့ လှုပ်ရှားမှု
3. ဆေးလိပ်
4. နှလုံးသွေးကြောရောဂါ
5. ကိုလက်စထောများခြင်း
6. ဆီးချို
7. လေအပူချိန်
8. ကိုယ်အနေအထား
9. စိတ်လှုပ်ရှားမှု
10. ကိုယ်ခန္ဓာအရွယ်အစား
11. ဆေးဝါးများ

တကယ်လို့ နားနေချိန်မှာ နှလုံးခုန်နှုန်း ၁၀၀ ထက်များရင် သို့မဟုတ် ၆၀ ထက်နည်းရင် ဆရာဝန်ပြပါ။

နှလုံးဟာ တမိနစ် = 72 ကြိမ်၊ တနာရီ= 4,320 ကြိမ်၊ တနေ့ = 103,680 ကြိမ်၊ တနှစ် = 37,843,200 ကြိမ်၊ အသက် ၇၀ ပြည့်ချိန် ကျွန်တော့်နှလုံးက 2,649,024,000 ကြိမ်ခုန်ပြီးပြီ။

Pulse လက်ကောက်ဝတ် သွေးခုန်နှုန်း https://doctortintswe.blogspot.com/2014/12/pulse-deficit.html
Slow Heart Rate နှလုံးခုန်နှေးခြင်း https://doctortintswe.blogspot.com/2019/09/slow-heart-rate.html
Heart rate နှလုံးခုန်နှုန်း https://doctortintswe.blogspot.com/2019/08/heart-rate.html
Supraventricular Tachycardia နှလုံးခုန်မြန်ရောဂါ https://doctortintswe.blogspot.com/2019/02/supraventricular-tachycardia.html

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး