SARS-Covid-2 and Temperature, Humidity and Sunlight ကရိုနာဗိုင်းရပ်စ် နှင့် အပူချိန်

ဆရာ နေရောင်ခြည်က Covid-19 virus ကို မိနစ်ပိုင်းတွင်း သေစေတာ ဟုတ်ပါသလား။ တရက်ကို နေပူဘယ်လောက် ခံသင့်ပါလဲ။

ဒီသတင်း မနေ့ကထွက်ပါတယ်။ သမတဒေါ်နယ်ထရမ့်သတင်းစာရှင်းလင်းပွဲမှာ Bill Bryan ကပြောတာ။ သူက ဟုမ်းလင်း စီကျူရတီ ခေါ် ပြည်ထဲရေးလုံခြုံရေးဌာနက သိပ္ပံနဲ့ နည်းပညာအကြီးအကဲဖြစ်တယ်။ သူပြောတာ အချုပ်ကတော့ ကရိုနာဗိုင်းရပ်စ်ဟာ နေရောင်နဲ့တွေ့ရင် မခံနိုင်ပါတဲ့။

• အပူချိန် ၇၀-၇၅ ဒီဂရီ အက်ဖ် စိုထိုင်းဆ ၂၀% နေရာင်မရ = ၁၈ နာရီ
• အပူချိန် ၇၀-၇၅ ဒီဂရီ အက်ဖ် စိုထိုင်းဆ ၈၀% နေရာင်မရ = ၆ နာရီ
• အပူချိန် ၉၅ ဒီဂရီ အက်ဖ် စိုထိုင်းဆ ၈၀% နေရာင်မရ = ၁ နာရီ
• အပူချိန် ၇၀-၇၅ ဒီဂရီ အက်ဖ် စိုထိုင်းဆ ၈၀% နွေရာသီ = ၂ မိနစ်
• အပူချိန် ၇၀-၇၅ ဒီဂရီ အက်ဖ် စိုထိုင်းဆ ၈၀% = ၆၀ မိနစ်
• အေရိုဇောလ် ၇၀-၇၅ ဒီဂရီ အက်ဖ် စိုထိုင်းဆ ၂၀% နေရာင်မရ = ၆၀ မိနစ်
• အေရိုဇောလ် ၇၀-၇၅ ဒီဂရီ အက်ဖ် စိုထိုင်းဆ ၂၀% နွေရာသီ = တမိနစ်ခွဲ

Aerosol အေရိုဇောလ်ဆိုတာ ဓါတ်ငွေ့ မီးခိုး နှင်းမှုံစတာတွေထဲမှာ အမှုံသေးသေးလေးတွေ ပါဝင်နေတာ။

အမေရိကန် ၉၇% လောက်က အိမ်မှာသာနေရချိန်မှာ သမတက စီးပွးရေးအလုပ်တွေကို မြန်မြန်ပြန်ဖွင့်ချင်နေတာကို စစ်ကူတောင်းတာဖြစ်ပါမယ်။ လူတွေ နေပူခံဘို့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး