Coronavirus: Mike Pence flouts rule on masks at hospital

အမေရိန်ကန် ဒုသမတ မိုက်ပင့်စ် ဆေးရုံကိုသွားတာ နှာခေါင်းစည်းမပါ

အခုတက်နေတဲ့ ဘရိကင်းနယူးစ် ဖြစ်ပါတယ်။ မိုက်ပင့်စ် ဆိုတာ ကျွန်တော်တို့နေထိုင်တဲ့ အင်ဒီယာနာပြည်နယ် ဂါဗာနာ ကနေ ဒေါ်နယ်ထရမ့်ကရွေးလို့ ဒုတိယသမတဖြစ်နေသူ။

ပြီးခဲ့တဲ့အပတ်ကလည်း လက်ရှိ အင်ဒီယာနာပြည်နယ်က ကွန်ဂရက်မင်းတယောက်က ပြောခဲ့သေးတယ်။ ကရိုနာဗိုင်းရပ်စ်ရောဂါကြောင့် စီးပွါးရေးကျဆင်းတာနဲ့စာရင် လူတွေသေဆုံးရခြင်းဟာ အသေးစား မကောင်းဆိုးဝါးသာ ဖြစ်ပါသတဲ့။

ကျွန်တော်က ဆရာဝန်၊ နိုင်ငံရေးထဲလည်း ပါတယ်။ ကျန်းမာရေးကို နိုင်ငံရေးလုပ်တာကို ဆန့်ကျင်တယ်။

ကရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးဆောင်ပုဒ်တခုက ကိုယ့်ကြောင့် သူများတွေ ဒုက္ခမရောက်စေနဲ့၊ အိမ်မှာသာနေပါတဲ့။

မမှန်ကန်တဲ့ကာကွယ်နည်းကို လူတကာသိအောင် လှည့်ပြတာဟာ သူများတွေကို ဒုက္ခရောက်စေနိုင်တယ်။ နှာခေါင်းစည်း မတပ်လို့ လူတထောင်မှာ တယောက်သာရောဂါကူးစက်ကောင်း ကူးစက်မယ်။ အဲဒီတယောက်က ကျွန်တော်ဖြစ်ဖြစ် စာဖတ်နေသူဖြစ်ဖြစ်ဆိုရင် ကျွန်တော်တို့ဒုက္ခ။ ရီပတ်ဘလီကန်တွေ ဒုက္ခမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး