Lysol လိုင်ဇော သို့မဟုတ် အမေရိကန်လုပ် တမာရွက်ပြုတ်ရည်

အမေရိကန်သမတ ဒေါ်နယ်ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ အိမ်သုံးပိုးသတ်ဆေးကို ထိုးပေးရင် ကောင်းမယ်လို့ တမြန်နေ့က ပြောတယ်။ အဲတာနဲ့ လိုင်ဇော်ထုတ်တဲ့ဆေးကုမ္ပဏီကို မီဒီယာတွေက မေးကြတော့ အဲလိုလုပ်လို့ မရပါကြောင်း သတိပေးချက်ထုတ်ပြန်ရတော့တယ်။ Lysol နဲ့ Dettol ဆေးတွေကို RB ဆေးကုမ္ပဏီကထုတ်ပါတယ်။

ကျွန်တော်တို့မြန်မာပြည်က ဒေါ်နယ်ထရမ့်ထက် ဦးတယ်။ လွန်ခဲ့တဲ့ ၂-၃ ပတ်လောက်တည်းက ကရိုနာအတွက် တမာရွက်ပြုတ်ရည်တဲ့။ အညာကထုတ်တယ်။ အဲလိုပြောတော့ အညာသားတွေ နာတယ်။ လူညာတွေက ထုတ်တာ။

လူညာဆိုတာ နေပြည်တော်ကနေ ဇနပုဒ်အထိ ရှိတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ လူညာဦးရေ ထူထပ်တယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး