မယ္စၾကာဝဠာ

စင်္ကြာ နဲ့ စက်ြာ ဘယ်ဟာကအမှန်ပါလဲခင်ဗျာ။

ဖေါင့်ကိုတော့ ပြင်ရတာ အဆင်မပြေ။ စကြ စင်္ကြာ စကြ်ာ ကိုမေးတာဆိုရင် ဖြေပါမယ်။ အတော်မှားကြတယ်။ ( -် ) (  င်္) တွေ မထည့်ရပါ။

စကြဝဠာ
စကြဝတေးမင်း
စကြာ
စကြောအိမ်
ဓမ္မစကြာနေ့
မယ်စကြဝဠာ
စကြဝတေးမင်း
စကြဝဠာ
စကြာ
စကြောအိမ်

ယောက်ျားရေးတာ မှားတဲ့သူတွေရှိတယ်။ ယောင်္ကျားလို့ရေးရင် ယောင်ကျားဖြစ်သွားစေတယ်။ အင်္ကျီလို့ရေးမှ မှန်တယ်။

အမှားတွေ မရေးသင့်။ အမှားတွေ မဝေသင့်ပါ။

စင်
ကင်းစင်
စင်စစ်
စင်ကြယ်
စင်ပြိုင်
စင်ရော်ငှက်
စင်္ကြံလျှောက်
စာအုပ်စင်
ထမ်းစင်
ပစ္စင်ရင်တား
ဗူးစင်
မစင်ကျင်ကြီး
ယက်ကန်းစင်
ဖြူစင်သော
အပျိုစင်
ရေအိုးစင်

စက်
ကူးစက်ရောဂါ
စက္ခုအကြည်
စက္ကန့်
စက္ကဝါက် (စကဝက်ငှက်)
စက္ကူ
စက်ကွင်းမလွတ်
စက်ခန်း
စက်ခန်းစက်ဘီး
စက်ချုပ်
စက်ဆရာ
စက်ဆုပ်ဖွယ်ရာ
စက်တင်ပုံနှိပ်
စက်တန့်ရောဂါ
စက်တင်္ဘာလ
စက်ကြိတ်ဆန်
စက်ပုန်းခုတ်
စက်ပုန်းခုတ်
စက်ဘီး
စက်ဝိုင်း
စက်တော်ရာ
စက်တော်ခေါ်
စကြာဝဠာ
စကြာဝတေးမင်း
ဆန်စက်
ဆီစက်
မျက်ရည်စက်လက်

ယောက်ျားကို ယောင်္ကျား (ယောင်ကျား) ရေးတာလည်း မှားတယ်။ ယောကျာ်း လို့ရေးတာလည်း မှားတယ်။ ဓမ္မစကြာ ရေးတာလည်း မှားကြတယ်။ စင်္ကြာလို့ရေးရင် စင်ကြာဖြစ်သွားမယ်။

ပုံက ပြိုင်ပွဲဝင်တဦးသာဖြစ်တယ်။ ဆုရသူ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး