Myth Facts Fiction ဘဝအကြောင်းဆိုတာတွေရယ်

(၅) နှစ်တိတိကစာ။

မီဒီယာကမိတ်ဆွေတဦးက NCGUB အကြောင်းရေးဖို့ တိုက်တွန်းပါတယ်။ စင်ပြိုင်အစိုးရ မဖွဲ့ခင်ကအကြောင်းတွေကို ကျွန်တော်က ဝန်ကြီးချုပ်ထက်ပိုသိတယ်လို့တောင် ကြွားဝါနိုင်ပါတယ်။

ကျွန်တော့်ဘဝ တဝက်လောက်က နိုင်ငံရေး။ နိုင်ငံရေးထဲမှာ ကိုယ့်ကိုလိုသူရှိတယ်။ မလိုသူရှိတယ်။ ရန်လုပ်သူရှိတယ်။ သတ်ပစ်ချင်သူရှိတယ်။ စစ်အစိုးရကနေ ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချ၊ ထောင်ထဲမှာ သတ်ပစ်တယ်။ အဲတာတွေက အဆန်းမဟုတ်ပါ။ ဆန်းတာကတော့ အခေါ်အဝေါ်မှာ လုပ်ဖေါ် ကိုင်ဖက်၊ လက်တွဲလုပ်နေသူတွေကနေ အဲလို လုပ်ကြတာတွေဟာ ကျွန်တော့်ဇာတ်ကြောင်းထဲမှာပါတယ်။ တချို့အချက်အလက်တွေ ထည့်ရေးပြန်ရင် အနာပေါ် တုတ်ကျသလိုနေမယ်။ ကိုယ်ကတော့ မှန်တယ်လို့ ယူဆပေမဲ့ တခြားသူတွေက မှားတယ်လို့ မှတ်ယူတတ်တယ်။

အကျဉ်းသဘောကိုတော့ ဂျာနယ် ၂ ခုက ပုံနှိပ်ဖေါ်ပြဘူးတယ်။ စင်ပြိုင်အစိုးရဖွဲ့ဘို့ လှို့ဝှက် လုပ်ခဲ့ ကိုင်ခဲ့တာတွေနဲ့ ကျွန်တော်တို့မိသားစုကို ကူညီခဲ့သူတွေပါတဲ့ အဖြစ်အပျက်တွေကို ဘယ်တော့မှ ထုတ်ရေးမှာ မဟုတ်ပါ။ ကျွန်တော့်ဇနီးရဲ့ လက်သုံးစကားက လူသာဆွေးတယ် အမှုကမဆွေးဘူးတဲ့။ အားမွေးနေတဲ့ စစ်အုပ်စုဟာ အခုထိလည်း ယုံရတာမဟုတ်ပါ။

ဆေးပညာမှာ Myth and Facts အထင်မှားနဲ့ အရှိတရားကို ခွဲခြားရေးရတယ်။ နိုင်ငံရေးမှာ Facts and Fiction အချက်အလက်မှန်နဲ့ ကြံစည်မှုကို ခွဲရေးပါတယ်။ ဆရာဝန်လည်းဖြစ်တဲ့ကျွန်တော်က ဖတ်ကောင်းအောင်ရေးတာမျိုး မရေးချင်ပါ။ ဆေးပညာကိုတော့ ပညာပေးရေးပါတယ်။ နိုင်ငံရေးမှာ ပညာပေးစာ မရေးချင်ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၁၅
၂၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး