ကောင်လေး နှင့် ဟိုလူကြီး

(ကန်တော့)

ကျမအဖေ့အသက်က ၅၈ပါရှင့် ယောက်ျားလေးပါလို့ရေးတာမှာ ယောက်ျားလေးလို့သုံးတာကို တယောက်က ထောက်ပြတယ်။ တယောက်တိတိ။ အရင်က ရေးထားတယ်။ မကြာခဏ။ အသက် ၂၀ အောက်ကို မိန်းကလေး နဲ့ ယောက်ျားလေး၊ ၂၀ အထက် အမျိုးသမီး နဲ့ အမျိုးသားလို့ ခေါ်ရတယ်။

ခုခေတ်မှာ (ကန်တော့) သွေးဆုံးပြီးအရွယ်တွေကလည်း မိန်းကလေး တဲ့။ ၅၀-၆၀ အရွယ်တွေ တယောက်မက ရေးကြတယ်။

ကျမကောင်လေး ကျန်းမာရေးမေးတာကို အသက်မေးတော့ ပြောပါတယ်။ ကျမက ၂၄ ကောင်လေးက ၃၆ နှစ်တဲ့။ ကိုယ့်ထက် အသက်ငယ်မှသာ ကောင်လေးလို့ရေးရတယ်။

ကိုယ့်မိန်းမကို ဇနီးနဲ့ ကိုယ့်ယောက်ျားကို ခင်ပွန်းလို့သုံးတာက ပိုပြီးယဉ်ကျေးတယ်။ ကျား-မ ဆိုတာ လိင် (ဂျန်ဒါ) ခွဲပြောရာမှာသာ သုံးရတယ်။

ဆန္ဒန်ဆင်မင်းဝတ္ထုမှာ ဦးပုညက သောနုတ္တရ (သောနုတ္ထိုရ်) အပြော။ ဟိုလူကြီးအသုံးစကား ရေးထားတယ်။ ပင်ပန်းလှိုက်ဖို သူ့မယား ငိုတည့်လျှင် ဟိုလူကြီးက ပျာယီးပျာယာ ပဇာအရေး မတွေးမမြော် ကျွန်တော်မျိုးကို ခေါ်ပြီးလျှင် -

အရင်က ယူ နဲ့ အိုင်လို့ သုံးခဲ့ကြတယ်။ ခုခေတ်မှာ တစိမ်းတရံကို ဖရင်းလို့ ခေါ်ကြတယ်။ ဘုန်းကြီးတို့ ဆရာဝန်တို့ကို နှုတ်ဆက်တာ ဟိုင်း တဲ့။

မေးခွန်းကို နမူနာအဖြစ်သုံးရလို့ ဆောရီး။ အရင်ကအဲလိုတွေ မမှားကြပါ။ တွေးမြော်ကြပါ။ မြန်မာစကား မြန်မာစာ ကျန်းမာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး