Wuhan Coronavirus ဝူဟန် ကရိုနာဗိုင်းရပ်စ် အသံထွက်နည်း

မသိလို့မေးပါရစေဆရာခင်ဗျား။ Corona ၏မူရင်းအသံထွက်အမှန်သည် ကရိုနာလား၊ ကိုရိုနာလား၊ ကော်ရိုနာလား ခင်ဗျ။ အသံထွက်က kuh row nuh တဲ့။ ကိုရိုနာမဟုတ်တာတော့သေချာတယ်။ ကျနော်တော့ ကော်ရိုနာလို့သုံးပါတယ်။ အကြုံပြုပေးပါဆရာ။

၁။ kr·ow·nuh ကရိုနာ
၂။ https://www.youtube.com/watch?v=nN9OEQK3eHM ကိုရနာ
၃။ https://www.youtube.com/watch?v=_qnKoRVXG6M ဝူဟန် (ဝူဟိုင်း) ကိုရိုနာဗိုင်းရပ်စ်

ကျွန်တော်က သတင်းစထွက်ကတည်းက ကိုရိုနာဗိုင်းရပ်စ်လို့ ရေးခဲ့တယ်။ အမေရိကန်တီဗွီတွေက ကရိုနာ သံထွက်တာ သိလာတော့ ကရိုနာလို့ ပြင်ရေးတယ်။

အခုမေးခွန်းလာတော့ ထပ်စစ်တယ်။ သုံးမျိုးတွေ့ပါတယ်။ ယူကျုမှာ အသံထွက်သူတွေက မတူကြလို့ ထင်တယ်။
ဘာဂါစားတဲ့သူတွေက တမျိုး။
ဒံပေါက်စားခဲ့သူတွေက တမျိုး။
ခေါက်ဆွဲစားခဲ့သူတွေက တမျိုး။
ကျွန်တော်တို့ ငပိစားသူတွေက ကို တို့ မ တို့ကို ကိုယ့်အသံထွက်ကိုသာ တစ်တစ်ခွခွ ထွက်ကြတယ်။

ကျွန်တော်က နေထိုင်ရာတိုင်းပြည်ကအသံထွက်ကို အတုခိုးရတယ်။ မဟုတ်ရင် နားလည်ကြမှာမဟုတ်ပါ။ ကျွန်တော့်အတွက်တော့ ခက်တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ