ကုတင် နဲ့ ခုတင်

၁။ ကုတင် (၁၀ဝ) ဆေးရုံ ခုတင် (၁၀ဝ) ဆေးရုံဟု (၂) မျိုးရေး နေ ကြသည်။ ခုတင်ဟု ပိုသုံးကြသည်။  ဘယ်အသုံးက ပိုမှန်ပါသလဲ။

၂။ ဆရာရေ မသိလို့မေးချင်လို့ပါ။ ဆေးရုံတွေမှာ ကုတင် ၁၀၀ လို့ရေးထားတာ အများဆုံးတွေ့ရလို့ပါ။ ခုတင် ၁၀၀ ဆံ့လို့ နောက်မှ ပြောင်းရေးထားတာ တွေ့ရပါတယ် ကုတင်၊ ခုတင် ဘယ်စာလုံးပေါင်းက အမှန် ရေးရင် ကောင်းမလည်းခင်ဗျား

၃။ ကတင်၊ ကုတင်၊ ခုတင် အမှန်သိပါရစေ။ ကုနှင့် ခုကို ဆေးရုံတွေမှာ နှစ်မျိုးစလုံးသုံးတာတွေ့နေပါတယ်။

၎။ ကုတင်၊ ခုတင် ရှင်းပြပေးပါခင်ဗျား

ခုသတ်ပုံစာအုပ်တွေမှာ ခုတင်လို့ရေးတယ်။ အလွန်စောတဲ့ သတ်ပုံစာအုပ်တွေမှာ မပါခဲ့ပါ။ ကုလားထိုင်အသုံး ဖြစ်လာမှသာ ကုတင်လို့ရေးလာကြတယ်။

ခု ကဝိဒဇသတ်ပုံကျမ်း (ဦးစံချစ်၊ ၁၉၅၄)
ခုခံသည်
ခု-ဆယ်-ရာ
ခုတုံးလုပ်သည်
ခုလုခုလု = ခိုးလိုးခုလု
ခုနှိမ်
ယခုပင်
ယခုအခါ
ယခုနေ့
အခုအခံ

ခု မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်၊ ၁၉၆၂)
ခုခံ
ခုနှစ် (၇)
ခုနှစ် (နှစ်)
ခုနှိမ်
ခူလီးခုလု
ယခု

ခု (နောက်ထုတ်သတ်ပုံ)
ခိုးလို့ခုလု၊
ခုခံသည်
ခုတုံးလုပ်
ခုတင်က (စောစောက)
ခုတင်ညောင်စောင်း
ခုနက
ခုနစ်ခု
ခုနစ်စဉ်ကြယ်
ခုနစ်သံချီ
ခုနှစ်သက္ကရာဇ်
ခုနှိမ်သည်
စိတ်ခုသည်
တစုံတခု၊
ယခု
လမ်းခုလတ်

ကု
ကုဋိ (ကုဋီ)
ကုတို့ (ကူးတို့)
ကုထုံး
ကုဗပေ
ကုမ္မာရီ
ကုမာရ
ကုမုဒြာ (ကုမုဒ်ကြာ)
ကုရုကျွန်း
ကုလသမဂ္ဂ
ကုလားကာ (ကန့်လန့်ကာ)
ကုလားကျမင်း
ကုလားဆင်
ကုလားတည် သရက်ချဉ်
ကုလားထိုင်
ကုလားပဲ
ကုလားဖန်ထိုး
ကုလားမ
ကုလားမခြေထောက်
ကုလားဖြူ
ကုလားဟင်း
ကုလားအုပ် (ကုလားအုတ်)
ကုလားရွှေ
ကုလားသေကုလားမော
ကုလားအော်ငရုတ်
ကုသမင်း
ကုသသည်
ကုသိနာရုံ
ကုသိုလ်
ကုဋေကုဋာ
ဦးကုလားရာဇဝင်
ဆေးကုလားမ

လေးတိုင်ကုတင်နဲ့ ခြောက်တိုင်ကုတင်လို့ ပြောဆိုရေးသားခဲ့ကြပါတယ်။ ကိုယ်ထင် ကုတင်ရွှေနန်းလို့ စကားပုံရှိတယ်။ ကျွန်တော်ဆရာဝန်လုပ်ခဲ့စဉ်က ၂၅-၅ဝ ကုတင်ဆံ့ဆေးရုံလို့ ရေးတယ်။ ဆေးရုံအတွက် ကုတင်တွေအလှူခံခဲ့တယ်။ လှူကြတယ်။ သတ်ပုံမှာတယ်လို့တယောက်ကမှ မပြောကြပါ။

မယ်ခွေရဲ့ ဆေးတံတိုဒွေးချိုးမှာ ကုတင်လို့ရေးထားတယ်။ ကျွန်တော်က ကုတင်ကမှန်တယ် ထင်နေတယ်။

ဆေးတံတို တညှိုလောက်
ရော့ သောက်တော့ပေး။

မယူလိုက်က မိုက်လို့ထင်
ယူလိုက်ပြန်က ကြိုက်လို့ထင်
သောက်စေချင်
ကုတင်တွင် ထောင်ခဲ့ကွဲ့
ညိုနွဲ့ရဲ့လေး။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး