Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ

ကရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးကို လိုအပ်တဲ့လူနာတွေကို သွင်းပေးကုသနည်းကို စမ်းသပ်နေပါတယ်။ သွေးထဲက ပလာစမာအရည်ကိုသွင်းပေးတာဖြစ်ပါတယ်။

ကူးစက်ခံရပြီး ပြန်ကောင်းလာသူရဲ့သွေးထဲမှာ အင်တီဘော်ဒီ ခေါ် ခုခံနိုင်စွမ်းရှိတဲ့ဓါတ်ပါနေလို့ သုံးနိုင်တာဖြစ်တယ်။

ကယ်လီဖိုးနီးယားမှာ အသက် ၃၆ နှစ်ရှိ အာကာသအင်ဂျင်နီယာရဲ့ ပလာစမာကို အေပြီလ ၁ ရက်နေ့က ထုတ်ယူပြီး လူနာ ၃ ယောက်ကို သွင်းပေးပါတယ်။

Convalescent plasma ခေါ်နလံထလူနာသွေးသွင်းကုသနည်းကို တခြားရောဂါတွေမှာလည်း သုံးပါတယ်။

ကြက်ခြေနီအဖွဲ့ သွေးလှူသူတွေကို စုဆောင်းနေတယ်။ ရောဂါခံစားနေရတာ ဆိုးတဲ့အဆင့်ရောက်နေတဲ့ လူနာတွေ အတွက်သာ ဖြစ်တယ်။

ကရိုနာဗိုင်းရပ်စ်အတွက် အခုထိ ကာကွယ်ဆေး မရှိသေး။ ကုသဆေး မရှိသေးပါ။ ဘယ်ဆေးဖြစ်ဖြစ်၊ ဘယ်သမတက ပြောပြော၊ ဖေ့စ်ဘွတ်မှာ ဘာရေးရေး အတည်ပြုချက်ရထားတဲ့ ကုသဆေး မရှိသေးပါ။

Plasma transfusion for COVID-19 ကရိုနာဗိုင်းရပ်စ်ရောဂါ နှင့် သွေးရည်ကြည်သွင်းကုသနည်း

ဆရာရှင့်။ သွေးရည်ကြည်ကုထုံးကထိရောက်မှုရှိတယ်လို့ ဟိုတလောကတင်တာတွေကရော မမှန်သတင်းဘဲလားဆရာ။

၆-၄-၂၀၂၀ နေ့က တင်ထားတယ်။
Plasma Donations from Recovered COVID-19 Patients ကရိုနာဗိုင်းရပ်စ်လူနာ သွေးသွင်းကုသပေးနေပြီ https://doctortintswe.blogspot.com/2020/04/plasma-donations-from-recovered-covid.html

၁၇-၂-၂၀၂၀ နေ့ ညနေ ၆ နာရီ ၉ မိနစ်က တင်ထားတယ်။
ရှန်ဟဲဆရာဝန်တွေက ရောဂါပျောက်ကင်းလာသူတွေဆီက သွေးဖေါက်ယူပြီး လူနာသစ်တွေကို plasma therapy နည်းနဲ့ ကုသပေးနေ။

Could plasma from recovered COVID-19 patients help others? https://discoveries.childrenshospital.org/covid-19-coronavirus-plasma/

ဒေါက်တာတင့်ဆွေ
၂၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး