Return Home အပြန်ခရီး

(၁)

တမြန်နှစ် ဒီလိုနေ့မှာ ကျွန်တော်တို့ မြန်မာပြည်ကို အလည်ပြန်ခဲ့ကြပါတယ်။ ချီကာဂိုကနေ လေယာဉ်နဲ့ စတင် ထွက်ကြပါတယ်။ ကျွန်တော်က တိုင်းပြည်ကနေခွဲခွါနေရတာ ၂၇ နှစ်နဲ့ ၄ လကြာပြီ။ အပြန်ခရီးကလည်း ရန်ကုန်အထိ ၂၇ နာရီ ကြာခဲ့ပါတယ်။

(၂)

အပြန်ခရီးမှာ လေယာဉ်ကငြိမ်နေပေမဲ့ ခရီးသည်စိတ်ဟာ လှုပ်ရှားလွန်းခဲ့တယ်။ နိုင်ငံရေးလုပ်တဲ့သူဟာ ပညာတော်သင်တယောက်ရဲ့ အိမ်ပြန်ခရီးနဲ့ မတူပါ။

မင်္ဂလာဒုံလေဆိပ်အထွက်က အဖြစ်အပျက်ကြီးတခုက သတိပေးနေတယ်။ ငါက နောက်တယောက်လား။ မည်သူ အာမခံနိုင်မည်နည်း။ သတိတော့ ထားတယ်။ လေကြောင်းအမှတ်၊ လေယာဉ်ဆိုက်မဲ့အချိန်တွေကို ရန်ကုန်က ရေဒီယိုရုံးတွေဆီ ကြိုတင်အကြောင်းကြားထားတယ်။ သူတို့က ဟဲလ်မက်လာပေးကြဖို့ မဟုတ်ပါ။ သတင်း ချက်ချင်း သိစေအောင်သာ။

သမီးတို့ လာကြိုနေကြမည်။

မွေးပေးခဲ့တဲ့၊ ပညာတွေသင်ပေးခဲ့တဲ့၊ အသက်မွေးဝမ်းကြောင်းနဲ့ နိုင်ငံရေးလုပ်ခဲ့ရတဲ့ ချစ်လှစွာသော တိုင်းပြည်ကား ကျွန်ုပ်အား မည်သို့ကြိုနေမည်မသိ။

လေယာဉ်ကြီး ဆက်လက်ပျံသန်းနေပါသည်။

ဒေါက်တာတင့်ဆွေ
၂၆-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး