RIP ကပ်သင့်ခြင်း အမျိုးမျိုးရှိသည်

ယူအက်စ်အေ၊ အင်ဒီယာနာပုလစ်မြို့နေ မြန်မာပြည် (မတူပီ) သားတယောက် ကရိုနာဗိုင်းရပ်စ်နဲ့ ဆုံးပါးသွားတယ်။ မြန်မာနိုင်ငံသား (ရခိုင်) ဘုန်းတော်ကြီးတပါးက တင်လို့ သိရတာ။ ဆရာတော်က ပို့စ်အဆုံးမှာ ဘုရားသခင် ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးတယ်။

ကရိုနာဗိုင်းရပ်စ်ရောဂါ အမေရိကမရောက်ခင် အီရန်မှာလှိုင်လှိုင်ဖြစ်နေချိန်က အီရန်နိုင်ငံသူတွေ နှာခေါင်းစည်းနဲ့ ပုံတခုနဲ့အတူ ပို့စ်တင်တော့ ကက်ကက်လန်အောင် ရန်တွေ့ခံရတယ်။ မြန်မာပြည်ထဲနေ ဗုဒ္ဓဘာသာဝင်ဆိုသူတွေက။ ဘာသာရေးကို လက်ပတ်နီလို့ မှတ်ထင်နေသလားမသိ။

ကပ်ဘေးက လွတ်ကြပါစေ။ မှိုင်းဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး