Hives (2) အင်ပြင်ထွက်ခြင်း
ဆရာရှင့် ကျွန်မ အသက် ၃၁ နှစ်၊ အိမ်ထောင်မရှိပါ။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလယ်လောက်မှစပြီး ဒီနေ့အထိ ခန္ဓာကိုယ်တွင် (ပေါင်၊ လက်၊ ခြေ၊ ကျောပြင်) တို့မှာ ရံဖန်ရံခါ အထူးသဖြင့် ညဘက်အချိန်တွင်သာ အဖုအပိမ့်များ ထလာတတ်ပါသည်။ ယခင်က တခါမျှမဖြစ်ဖူးပါ။ ပင်လယ်စာများစားလျှင်လဲ မယားယံတတ်ပါ။ ရေချိုးပြီးကာစ အိပ်ရာဝင်ချိန်မှာ ပိုဖြစ်တတ်ပါသည်။ သံချဆေးသောက်ကြည့်သော်လည်းမသက်သာပါ။ ဘာကြောင့်လဲဆိုတာ ကျေးဇူးပြု၍ ဆရာပြန်လည်ဖြေကြားပေးပါရှင့်။
Hives အင်ပြင်ထွက်ခြင်း အများဆုံးဖြစ်စေတဲ့ အကြောင်းခံများ
အများဆုံးကနေစရေးတာ မဟုတ်ပါ။
၁။ Alcohol အရက်
၂။ Exercise ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ခြင်း
၃။ Foods အစားအသောက်
၎။ Heat or cold အပူ သို့မဟုတ် အအေး
၅။ Infection ရောဂါပိုးဝင်ခြင်း
၆။ Insects or parasites အင်းဆက်ခေါ် အကောင်ငယ်လေးများကိုက်ခံရခြင်း
၇။ Medication ဆေးတချို့ကြောင့်
၈။ Scratching ကုပ်ရာကတဆင့်
၉.။ Stress and Anxiety စိတ်ဖိအားများခြင်းနှင့် စိုးရိမ်မှုကဲခြင်း
၁၀။ Tight Clothing အဝတ်အစားကြပ်ခြင်း
Allergy အလာဂျီ အများဆုံးဖြစ်စေတဲ့ အကြောင်းခံများ
အများဆုံးကနေစရေးတာ မဟုတ်ပါ။
၁။ နို့၊
၂။ မြေပဲ၊ ပဲပုပ်၊
၃။ ဥ၊
၎။ အစေ့အဆံများ၊
၅။ သန်ကောင်၊
၆။ ငါး၊ ပင်လယ်စာ၊
၇။ ဂျုံ၊
၈။ ဆပ်ပြာ။
၉။ ပန်းဝတ်မှုံ၊
၁ဝ။ ရာဘာ (လေးတက်စ်)။
အင်ပြင်ထတာရော အလာဂျီဖြစ်တာပါ တယောက်နဲ့ တယောက် မတူပါ။ သူများတွေတည့်တာ ကိုယ်ကမတည့်နဲ့ သူများတွေမတည့်တာ ကိုယ်ကတည့်တာဖြစ်နိုင်တယ်။ ကိုယ်တိုင်သာ ဘာနဲ့မတည့်သလဲ သိရ ရှောင်ရမယ်။ တခါတခါ ဘာကြောင့်မှန်း မသိပါ။ စစ်ဆေးရတာလည်း ခက်တယ်။ တချို့မှာ စစ်ဆေးလိုက်တော မတည့်တဲ့စာရင်းရှည်ကြီး ထွက်လာတယ်။ ကုသနည်း တူတယ်။
Hives အင်ပြင်ထွက်ခြင်း https://doctortintswe.blogspot.com/2016/12/hives.html
မေးခွန်း သတ်ပုံမှန်။ ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၂၀

Comments
Post a Comment