Goosebumps ကြက်သီးမွေးညင်းထခြင်း

အရှေ့ကနေရောင်လာ၏အောက်မှာ ကွန်မင့်တခု ရတယ်။ ကျေးဇူး။ ဖတ်ရတာ ကြက်သီးများပင် ထပါသည်ဆရာ (ကြက်သီး - စာလုံးပေါင်းမှားသွားရင် သည်းခံပေးပါဆရာ)။ ယခုခေတ် ကျွန်တော်တို့လူငယ်အများစု အသိပညာ ယဉ်ကျေးမှုများ ပျောက်ကွယ်နေကြပါပြီ။

ကြက်သီးထလို့ရေးတာ မှန်ပါတယ်။

လူတွေ ဘာကြောင့် ကြက်သီးထကြသလဲ။ ဇီဝကမ္မဖြစ်စဉ်တခု ဖြစ်ပါတယ်။ အခြေအနေတခုခုကြောင့် အရေပြားက ကိုယ်မွေးလေးတွေ ထောင်မတ်လာကြတယ်။ အရေပြားကလည်း ဘဲအရေပြား ကြက်အရေပြားလိုဖြစ်လာတယ်။ ရာသီဥတုကြောင့်လည်း ဖြစ်တယ်။ အဲလိုဖြစ်လို့ ကိုယ်ခန္ဓာအပူချိန်တက်လာစေတယ်။ မျိုးချစ်စိတ်ကိုလှုံ့ဆော်ပေးတဲ့ သီချင်းကောင်းတပုဒ်ကို နားဆင်ရချိန်မျိုးမှာလည်း ဖြစ်တယ်။

ကြောက်စရာ လန့်စရာ တခုခုကို မြင်တွေ့ ကြားသိတဲ့အခါမျိုးမှာလည်း ဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာထဲက Adrenaline အဒရီနလင်ဟော်မုန်း ထွက်လာတယ်။ Physiology of emotions စိတ်လှုပ်ရှာမှုရဲ့ဇီဝကမ္မဖြစ်စဉ်လို့ ခေါ်တယ်။

တခါတခါ Butterflies in the stomach ဗိုက်ထဲမှာ လိပ်ပြာတောင်ပံခတ်သလို ခံစားကြရနိုင်တယ်။

ရာသီဥတုသာယာနေချိန်၊ လက်ဖက်ရည်ကြမ်းနဲ့ အမြည်းလေးစား အနားယူနေချိန်မှာ ကိုယ်ငယ်ငယ်တုန်းက အမေတို့ အဖွါးတို့ခေတ်က သီချင်းလေးတပုဒ်ကို ကြားမိတာနဲ့ ငယ်ဘဝကို သတိရပြီး ကြက်သည်းထလာတတ်ကြတယ်။ အမေတို့ အဖွါးတို့ကို သတိရတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး