White Eggs စလယ်ဝင်အိုး

ဆန်နှစ်ဗူးသာချက်ရတဲ့အိမ်ကို
သားသမီးမြေးတွေက စားစရာလာလာပို့ကြ၏။ သည်တခါ ၅ ဒါဇင်တဲ့။
သူတို့စေတနာသည် ကြက်ဥလိုဖြူ၏။

ကြက်သရေခန်း

ကြက်ဥ ၅ ဒါဇင်စာအောက်မှာ ကုန်ပါ့မလား ပုပ်ကုန်ရင် ဒုက္ခတဲ့။ ကွန်မင့်တခုက။

ကျွန်တော်တို့အိမ်က ရေခဲသေတ္တာဟာ တောရွာဘုန်းကြီးကျောင်းက ကြက်သရေခန်းလိုပဲ။

ကြက်ဥလာပို့တဲ့ မသဒ္ဓါဆွေ ဒေလီမှာနေစဉ်က တီနေ့ (သူ့အန်တီ နေမြေမြဆွေ) ရေခဲသေတ္တာ သွားရှင်းပေးရဦးမယ်ဆိုပြီး တပတ်နှစ်ပတ်တခါ သွားစားလေ့ရှိတယ်။

မိသားစုဆိုတာ အဲလိုပဲ။ တောဘုန်းကြီးကျောင်းနဲ့ တူတယ်။ ပွဲလမ်းရှိတဲ့အခါ မုံ့ဆီကြော်ဆို ခံတောင်းနဲ့ အပြည့်။ ငှက်ပျောသီးဆို တင်းတောင်းနဲ့ အပြည့်။ ဥပုသ်နေ့ရောက်တော့ ကုန်ရော။

ဒေါက်တာတင့်ဆွေ
၂၁-၄-၂၀၂၀

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး