Coronavirus Vaccine ကရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကြာတော့မည်မဟုတ်

ဇန္နဝါရီလမှာ ရမည်။ ကနေ့ထွက်တဲ့သတင်းဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ပြီးခဲ့တဲ့လကတည်းက ကာကွယ်ဆေးထိုးနေပါသတဲ့။ ဖေ့စ်ဘွတ်မှာ။ မဟုတ်ပါဘူးပြောတာမရလို့ အတော်များများကို ဘလော့ လိုက်ရတယ်။ အင်တာနက်လမ်းမပေါ်က ကောက်ယူလာတဲ့ပုံတွေနဲ့ လာငြင်းကြလို့။

ဆေးကုမ္ပဏီတွေ တဒါဇင်လောက်က ကြိုးပမ်းနေကြတယ်။ အမေရိကန်အစိုးရက ဘယ်ကုမ္ပဏီရယ်လို့ မရွေးသေးပါ။

မနေ့ကသတင်းအရ Remdesivir ကုသဆေးကလည်း ရောဂါပျောက်ကင်းချိန်ကို ၃၁% ရက်တိုစေတယ်။

ကာကွယ်ဆေးထုတ်နိုင်တာကို မြန်ဆန်စေအောင် သမတကနေ Operation Warp Speed အမိန့်ပေးရတယ်။ ကာကွယ်ဆေးတိုင်းကို မြန်အောင်ထုတ်လုပ်ခြင်းဟာ အန္တရာယ် မကင်းပါ။ ပုံမှန်အားဖြင့် ကာကွယ်ဆေးတခု ထုတ်တာ ၁၂ လကနေ ၁၈ လအထိကြာတယ်။

၂၀၂၁ ခုနှစ် ဇန္နဝါရီလထဲမှာ ဆေးဒို့စ် သန်း ၃၀၀ ရနိုင်မယ်ထင်ပါတယ်လို့ Dr. Fauci ဒေါက်တာဖေါ်ချီက မနေ့က ပြောလိုက်ပါတယ်။

ကာကွယ်ဆေးထုတ်နေတာတွေထဲမှာ Johnson & Johnson, Moderna နဲ့ Oxford University တွေ ပါဝင်တယ်။

ဒေါက်တာတင့်ဆွေ
၃၀-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး