Tuesday, April 28, 2020

ဇာလီပျော်တဲ့ကျောင်းသင်္ခမ်း လူလေးသွားချင်စမ်း

ဆရာ သင်ခန်းစာနဲ့ သင်ခဏ်းစာနဲ့မှာ ဘယ်ဟာ အမှန်ပါလဲ။

အရင်သတ်ပုံစာအုပ်ဟောင်းတချို့မှာ သင်ခဏ်းစာလို့သုံးပါတယ်။ နောက်ပိုင်းမှာ သင်ခန်းစာလို့သာရေးတယ်။ ကျောင်းသင်္ခမ်းကတမျိုး မတူပါ။

ခဏ်း (အခုခေတ်မှာ မတွေ့သလောက်ဖြစ်လာတယ်)
အခဏ်းကဏ္ဍ
စမ္မခဏ်းနက္ခတ်
ယမ္မခဏ်းနက္ခတ်
သင်ခဏ်းစာ
ဇယားခဏ်းတန့် (ဗေဒင်)

ခန်း
ကိန်းခန်း၊
ကုန်ခန်း၊
ခန်းဆီး
ခန်းမဆောင်
ခန်းဝင်ဥစ္စာ
ခန်းဝါ
ခန်းသဉ္ဇာ
ခန်းတောက်ပင်
ခန်းခြောက်
ချွဲခန်းသလိပ် (ချွဲငန်းသလိပ်)
စက်ခန်း၊
စမ္မခန်း (ဗေဒင်)၊
စားခန်းချသည် (စခန်းချသည်)
ဆုံးခန်းတိုင်ရောက် ၊
တခန်းရပ်ပြဇာတ်၊
တိုက်ခန်း၊
တိုင်းခန်းလှည့်လည်၊
တနေကုန် တနေခန်း၊
ဓာတ်ခွဲခန်း၊
ပခန်းမြို့
မီးစာကုန် ဆီခန်း၊
ပြခန်း၊
လင်ခန်းမယားခန်း၊
လမ်းစခန်း
သင်ခန်းစာ၊
အံ့မခန်း
အခမ်းအနား၊
အိပ်ရာတိုက်ခန်း
စေးမခန်းပင်၊
နေထိုင်ရာအခန်း
ရေခန်းခြောက်
လေ့ကျင့်ခန်း၊
သေခန်းရှင်ခန်း၊

ဝင်္ကပါ

အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြ တွန်သံချို။

ဒိုးယိုစီးတဲ့ နဒီတွင်း
သမင် ရေသောက်ဆင်း။

မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံကော်ဝတ်မှုံစီ။

ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း။ (ဇော်ဂျီ)

ဆရာဇော်ဂျီရဲ့ကဗျာတွေကို တင်ထားကြတွေမှာရော ထပ်ထုတ်စာအုပ်တွေမှာပါ သတ်ပုံတွေ မှားနေကြတယ်။ အဲလို မလုပ်ကောင်းပါ။

အေးရိပ်သာတဲ့ ပညောင်ညိုက မူကွဲဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၄-၂၀၁၇
၂၈-၄-၂၀၂၀

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...