Dr. Fauci မတူတဲ့အားကစားနည်း မတူတဲ့အရာရှိကြီးများ

The Wall Street Journal ကရေးတာတခု ဖတ်ရတယ်။ Dr. Anthony Fauci ဟာ ငယ်စဉ်က ကျောင်း ဘတ်စကက်ဘောသင်း ကက်ပတိန်တဲ့။ သူ့ကို Fauch လို့ခေါ်ကြပါသတဲ့။

Dr. Fauci အမေရိကန် National Institute of Allergy and Infectious Diseases အလာဂျီနှင့် ကူးစက်ရောဂါများ အင်စတီကျု ဒါရိုက်တာဖြစ်ပါတယ်။ ကရိုနာဗိုင်းရပ်စ်ရောဂါ အမေရိကားမှာမရောက်ခင်ကတည်းက မီဒီယာမှာ ကြားသိနေရတဲ့ ဆရာဝန်။

ဒေါက်တာဖေါက်ခ်ျကို အမေရိကန်သမတ ဒေါ်နယ်ထရမ့်နဲ့အတူ သတင်းစာရှင်းလင်းပွဲတွေမှာ တွေ့ရတယ်။ သမတက ဘာပြောနေနေ သူကတော့ ဆေးပညာရှုဒေါင့်ကနေသာ ပြောတယ်။ မကြာခဏ သမတနဲ့ အမြင်မတူတာ ပြောလေ့ရှိတယ်။

ကျွန်တော်တို့နိုင်ငံမှာ ဥက္ကဌကြီးတို့၊ ထောက်ချုပ်ကြီးတို့၊ မှူးချုပ်ကြီးတို့ သဘောကျလိုက်ပြောတတ်တဲ့ ပညာရှင်တွေ အရာရှိကြီးတွေ ခဏခဏတွေ့ဖူးတယ်။ သူတို့က ကျောင်းသားဘဝမှာ ဘော်လီဘောသင်း ကက်ပတိန်တွေဖြစ်မယ်။

ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး