ငွေစင်တမတ်
မတ် သဒ္ဒါ
မ အက္ခရာ တသတ်ကား
ညီမနှင့် မတ်၊ လောကနတ်ကို၊ ရိုညွတ်အစုံ
မင်းထက်အမတ်၊ အရှိမြတ်မူ၊ ရေရွတ်ဗိုလ်လူ
မင်းမှူးမင်းမတ်၊ ဝန်ပတ်ပြောထူ
နိုင်တမ်းမချွတ်၊ တရားဖြတ်သည်၊ မတ်မတ်နှလုံး တော်သတည်း
ရွေးပဲမူးမတ်၊ ခွဲကျပ်ပိဿာ
ငွေစင်တမတ်၊ ဖြတ်၍ရောင်းလည်း
တံခွတ်ရိမတ်၊ မလည်ထွတ်ဝယ်၊ ရေနတ်နဂါး
ကျော်အောင်စံထားဆရာတော် ဝါဟာရတ္ထပကာသနီ ကောက်နုတ်ချက်
၁၉၆၉ ခု၊ ဟံသာဝတီတိုက်ထုတ်

က သဒ္ဒါ
၁။ ခုန်ကသည်၊ လှည်းကသည်၊ ဆင် မြင်းကသည်။
၂။ ကြိုးဝက ဟူသောခေါ်ဝေါ်ခြင်း။
၃။ တောကလာသည်၊ ရွာကလာသည် ဆိုမိန့်ခြင်း။
၎။ တခုမက၊ နှစ်ခုမက ဆိုမိန့်ခြင်း။
၅။ စကောစက၊ အသီးသီးအသက ဟူ၍ဆိုမိန့်ခြင်း။
ကျော်အောင်စံထားဆရာတော် ဝါဟာရတ္ထပကာသနီ ကောက်နုတ်ချက်
၁၉၆၉ ခု၊ ဟံသာဝတီတိုက်ထုတ်
ခုခေတ်မှာတော့ ကလေးအမေက ကလေးနေမကောင်းတာ ဘာလုပ်ကမလဲ မေးသည်။ ပါမောက္ခတွေက (တစ်)ခုမက ရေးကြသည်။
ဒေါက်တာတင့်ဆွေ
၂၁-၄-၂၀၂၀

Comments
Post a Comment