မရ ဒသကချိုင်

ကွန်မင့်တခု ရတယ်။ ချိုင်တယ်လို့သုံးရင် ခု ဒီဘက်မှာ သိတဲ့သူ နည်းလာတယ်ဆရာရေ။ ဆရာရေးတော့ ကျွန်တော့်မွေးရပ်မြေ အညာ ပခုက္ကူသတိရမိတယ်။

ချိုင်ဆိုတာ သစ်ပင်ခုတ်တာမှာ သုံးတယ်။ ခုတ်လှဲတာ မဟုတ်။ အကိုင်းအခက်တွေကို ခုတ်တာ။ ထန်းသီးချိုင်တာ။ ထန်းလက်ချိုင်တာ။

ဇာတ်တော်တွေထဲမှာ ပေါရိသာဒမင်းက လူသားစားသတဲ့။ စားတော်ဆက်က နေ့တိုင်းရှာဖွေဆက်သရသတဲ့။ လူသားမရတဲ့အခါ လူသားရှာဖွေကျွေးတဲ့ စားတော်ကဲကို သတ်စားသတဲ့။ ရသက (ပါဠိ) = စားတော်ချက်ဖြစ်လို့ မရ ရသကချိုင်လို့စကား ဖြစ်လာတယ်။ အရပ်သုံးမှာတော့ မရ ဒသကချိုင်လို့ပြောကြတာ များတယ်။

လူတွေမှာလည်း သုံးတယ်။ ဥပမာ သူဌေးသမီးကို ရအောင်ယူတယ်။ အပျိုကြီးကို ရအောင်ကြံတယ်။ ကိုယ့်ထက် မြင့်တာ၊ သာတာ၊ တန်းတူမဟုတ်တာ၊ ခက်ခဲလောက်မှာကို ရအောင်ပြုလုပ်တာကိုသာ သုံးတယ်။

ထန်းလက်နဲ့ ထန်းရွက် မတူပါ။ ထန်းပလပ်လည်း ရှိတယ်။ ထန်းပင်၊ ထန်းလက်၊ ထန်းရွက်တွေက အသွယ်သွယ်ပါမောင်ရေ။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး