Politics နိုင်ငံရေးခြေဆင်း

မင်္ဂလာပါဆရာရှင့်။ ဆရာရေးထားတဲ့နိုင်ငံရေးနဲ့ ပတ်သတ်တဲ့စာတွေ သီးသန့်စုထားတဲ့ blog များရှိလား သိခွင့်ရရင် သိချင်ပါတယ်ဆရာ။ ကျမနိုင်ငံရေးလောကထဲကမဟုတ်ဘဲ နိုင်ငံရေးစိတ်ဝင်စားသူတယောက်မျှသာဖြစ်ပါတယ်ဆရာ။ အမှန်အတိုင်းဝန်ခံရရင် ကျမသားအပါအဝင် ကလေးငယ်တွေကို မှန်ကန်တဲ့ နိုင်ငံရေးအတွေးအခေါ်တွေ လက်ဆင့် ကမ်းချင်မိတယ်။ ကျေးဇူးတယ်ပါတယ်ဆရာရှင့်။

အားပေးတယ်။ ကောင်းတယ်။ ကျွန်တော် ဘလော့ဂ်တွေရေးစက ဆေးပညာနဲ့ နိုင်ငံရေး သီးခြားခွဲရေးခဲ့တယ်။ နိုင်ငံရေးမှာလည်း ထပ်ခွဲသေးတယ်။ နောက်တော့ ဘလော့ဂ်နဲ့ အီးမေးလ်တွေ အဆင်မပြေရာကနေ တခုတည်းမှာ ပေါင်းရေးတော့တယ်။ စာရိုက်ရှာလို့ရတယ်။ https://doctortintswe.blogspot.com/

နိုင်ငံရေးမှာ စာတွေဖတ်တာက စသင့်တယ်။ မြင်တာတိုင်းကို နိုင်ငံရေးအမြင်နဲ့ ကြည့်သင့်တယ်။ ဆက်ဖတ်နေရမယ်။

ကျွန်တော်တို့ငယ်ငယ်က ရှိသမျှစာဆိုတာ လက်ဝဲစာတွေတာရှိတယ်။ ဖတ်ပါတယ်။ ကျွန်တော်က သံရုံးမျိုးစုံကနေ စာအုပ်တွေမှာ ဖတ်တယ်။ လက်ဝဲရော လက်ျာပါ။ မဆလ မပျက်ခင်လေး တပ်တွင်းပညာပေး ၂ လထင်တယ် တက်ရတယ်။ ဆေးကျောင်းသားဘဝမှာ တကြိမ်တည်း တရက်တည်းသာ တရုပ်အရေးအခင်းမှာပါတယ်။ ဆရာဝန် ၁၅ နှစ်လုပ်အပြီး ၈၈ အရေးအခင်းကစပြီး ပါလာတယ်။ ၁၉၉၀ ကစပြီးတော့ ထဲထဲဝင်ဝင်။ ၁၉၉၁ ကစပြီး ပြည်ပနိုင်ငံရေး ဖြစ်သွားတာ အခုထိ။

စာတွေဖတ်ပါ။ စုံလေကောင်းလေ။ တခါတည်းနဲ့တော့ ကောက်ကောက်ပါ လိုက်မသွားသင့်ပါ။ ကျွန်တော်ရေးတာတွေ ဖတ်ပြီးလည်း နောက်က မလိုက်ပါနဲ့။ ကိုယ်တိုင်တာ ရွေးချယ်ပါ။

ဒေါက်တာသန်းထွန်းက သမိုင်းသင်တာ မအအောင်လို့တဲ့။
ဆရာအောင်သင်းက သမိုင်းမသိရင် နိုင်ငံရေးမလုပ်နဲ့တဲ့။
ကျွန်တော့ဆောင်ပုဒ်က နိုင်ငံရေးသိအောင်လုပ်ရမယ်။ အညာမခံရအောင်လို့။ အလိမ်မခံရအောင်လို့။

နိုင်ငံရေးသိတာနဲ့ ဝင်ပြီးလုပ်ကိုင်ဆောင်ရွက်တာ မတူပြန်ပါ။

Civics ပေါ်လက်တစ်အစ စစ်ဗစ်က https://doctortintswe.blogspot.com/2019/05/civics.html

ဒေါက်တာတင့်ဆွေ
၂၇-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ