PPE ယူနီဖေါင်း ရောဂါများ

ကိုယ့်တိုင်းပြည်ကနေ ထွက်ပြေးရတော့ အရင်ဆုံးရောက်တဲ့ တိုင်ပြည်အထိ ယူနီဖေါင်းဝတ်တွေကို ကြောက်တတ်တဲ့ စိတ်ရောဂါ ပါလာခဲ့တယ်။ စစ်ယူနီဖေါင်း၊ ရဲယူနီဖေါင်းနဲ့ လမ်းပြပုလိပ်ယူနီဖေါင်း။

တကယ်တော့ ပြည်တွင်းမှာ ကြောက်ရတာတွေက အဲတာတွေသာ မကပါ။ စစ်တပ်အရံအင်အားလုပ်ထားကတည်းက မီးသတ်ယူနီဖေါင်းနဲ့ ကြက်ခြေနီယူနီဖေါင်းလည်း ကြောက်စရာတွေထဲမှာ ပါတယ်။

ဒိနောက်မှာ လက်ပတ်နီပါသူတွေကို ကြောက်ရပြန်ရော။ ဒိနောက်မှာ အဝါရောင်သင်္ကန်းက တချို့နေရာတွေမှာ ယူနီဖေါင်းဖြစ်လာတယ်။ ဒီမိုကရေစီယူနီဖေါင်းတချို့ကလည်း မူမမှန်။

တမျိုးတိုးလာပြီ။ ဘယ်ယူနီဖေါင်းဝတ်ထားထား ကရိုနာက မကြောက်။ နှာခေါင်းစည်းနဲ့ PPE မပါရင် ကရိုနာက မကြောက်။ PPE အောက်မှာ ယူနီဖေါင်းမျိုးစုံရှိတယ်။

အရပ်သားတွေမှာ ကြောက်စရာတွေက တိုးတိုးလာတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး