ထန်းလက်တဲနဲ့နေခဲ့တဲ့ ဆရာဝန်

ထန်းရွက်ရောင်းရန်ရှိပါသည်။ ညောင်ကန်က အမျိုးတယောက် တင်ထားတယ်။ အမျိုးဖြစ်လို့ ပြောဦးမယ်။ ထန်းလက်တွေကို အပင်ကချိုင်ပြီးရင် အောက်မှာ တခုချင်းစီထပ်ပြီး အခြောက်ခံထားရတယ်။ အပေါ်က တုံးကြီးကြီးနဲ့ ဖိထား။ အဲတာမှ အိမ်မိုးတဲ့အခါ ပိုအဆင်ပြေတယ်။

မြို့သာမှာ အိမ်ဘေး ဇောင်းချပြီးနေခဲ့ရတာ ၆ နွေကြာခဲ့လို့ သိတယ်။ ထန်းလက်မိုးကို နှစ်စဉ်လဲပေးတော့ အောက်မှာ အေးတယ်။ အနံ့လေးက မွှေးသေး။

ကျွန်တော်က ပါးစပ်နဲ့တော့ အကုန်လုပ်တတ်တယ်။ ထမင်းဟင်းလည်း ပါးစပ်နဲ့ ချက်တတ်သေးတာ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၂၀

နေကောင်းကြပါစေ

၁။ ကျနော်တို့က မြို့သာကပါ ဆရာကိုအမြဲသတိရနေတယ်

၂။ ကျွန်တော်ကမြို့သာကပါဆရာ ဆရာအကြောင်းလူကြီးမိဘတွေပြန်ပြောပြလို့ ကြားသိခဲ့ရတာကြာပါပြီ ဆရာဟာလူတော်တယောက်ဖြစ်ကြောင်း ဆရာလိုလူမျိုးနောက်ထက်ခုချိန်ထိမရှိသေးကြောင်းလွမ်းတသသနဲ့ခုချိန်ထိကျွန်တော်တို့မြို့လေးက ဆရာကိုအမြဲသတိရလျှက်ပါ

ကျေးဇူး။ ကိုယ့်ကို ကောင်းတာပြောလို့ အစအဆုံး ကူးတင်တယ်။

မြို့သာသူ မြို့သာသာတွေက ကျွန်တော့်အကြောင်း ကောင်းကောင်း သိကြတယ်။ ပုလဲသူပုလဲသားတွေကလည်း အဲလိုပဲ သိကြတယ်။

ဖေ့စ်ဘွတ်သူ ဖေ့စ်ဘွတ်သားတွေထဲမှာ ဘလော့ရတာ ၇၀၀ ကျော်လာပြီ။ ကျွန်တော်က ဘယ်သောအခါ ဘယ်မှာနေနေ အမည်ပြောင်းခြင်း မရှိပါ။ စိတ်နေစိတ်ထား ပြောင်းလဲခြင်း မရှိပါ။ ဘလော့ထားသူတွေပါ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး