ဗံဒါ ဗာဒမ် နှင့် မာလကာ

၁။ ဗန်ဒါသီးလား ဗာဒံသီးလား မာလကာသီးလား မာကလာသီးလား အခုထိအငြင်းပွားတာအဖြေမှန်မသိရလို့ပါဆရာ

၂။ မင်္ဂလာပါ ဆရာ ဗာဒံပင် ဗန်ဒါပင် သတ်ပုံ အမှန်လေး သိပါရစေ ရှင်

၃။ ဘံဒါပင် ဘန်ဒါပန် ဘယ်ဟာအမှန်ဖြစ်ပါသလဲ

အရင်ထုတ်သတ်ပုံစာအုပ် နှစ်အုပ်လုံးမှာ ဗာဒမ်ပင်လို့ပါတယ်။ စစ်အစိုးရခေတ်ထုတ်သတ်ပုံကျမ်းမှာ ဗာဒံ။
အဘိဓါန်တခုမှာ Almonds ဗာဒံ (မက်မွန်) စေ့။ မက်မွန်နဲ့ အညာလမ်းဘေးသစ်ပင်အစေ့ မတူပါ။

မန္တလေးမှာ ဗံဒါ၊ ဗန်ဒါပင်လို့ အသံထွက်ကြသူများတယ်။ မန္တလေးဆေးကျောင်းမှာ သွေ့ခြောက်ခြောက် တမာပင်တွေဟာ ဝေဆာနေကြဆဲ။ ကျိုးကျဲကျဲ စိန်ပန်းပွင့်များ ငွါးစွင့် နီရဲရဲ။ အိုနေတဲ့ကုက္ကိုပင်က အပွင့်များ လေမှာဝဲ။ ဖုံတွေလိမ်းကျံနေတဲ့ ဗာဒမ်ပင်အောက်မှာ အရိပ်ခိုကျောင်းသားတွေ ရောက်လာမစဲ။

မာလကာလို့ရေးတယ်။ အသံထွက်မတူကြပါ။ အသံထွက်အတိုင်း လိုက်ရေးတာတွေ မမှန်ပါ။

လိမ္မော်ချယ်ရီ စထရော်ဘယ်ရီ၊ မာလကာ ခတ္တာ ဇီဇ၀ါ၊ သရဖီ ဒေလီယာ၊ သဇင် အင်ကြင်း ပင်မင်း မဉ္စူ အိုပြည်သူတွေ၊ အိုပြည်သူတွေ၊ အိုပြည်သူတွေ၊ မညှိးနွမ်းရဘူးလေ ဟေ့ ဟေဟေး ဟေ့ဟေ့ဟေ၊ ဒီရေပင်လယ် သမုဒ္ဒရာ၊ ဒီချောင်းဒီမြောင်း ဒီစိမ့်စမ်း၊ ကုန်ခမ်းတော့လဲမသွေ၊ ဒို့များချွေးရေ တွေနဲ့ဆောင်း၊ စုပေါင်းသွန်းလောင်း ပေးမယ်လေ၊ ပန်းတိုင်းပွင့်ကြ မယ်လေ၊ ပန်းတိုင်းပွင့်ကြမယ်လေ။ ပန်းတိုင်းပွင့်ပါစေ၊ ပန်းတိုင်းပွင့်ပါစေ။ (မြတ်လေးရေးတဲ့ ဒို့စိုက်သောပန်းတွေ)

ဗံဒါပင် သို့မဟုတ် အုန်းပင်လို့ မီဒီယာတခုမှာတွေ့တယ်။ မဟုတ်လောက်ပါ။ ပုံထဲကအရွက်က ဟုတ်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဖုံအလိမ်းလိမ်း ကပ်နေရရှာတာများတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး